My Blog List

Saturday, April 30, 2016

                   
                                                    သမ္မာကျမ်းစာလေ့လာခြင်း
                       ခရစ်တော်၌ ထာဝရအသက်

 ၁။လူအပေါင်းတို့ သည် ဇာတိပကတိအတိုင်း ဘယ်ကဲ့သို့ ဖြစ်နေသနည်း။
ထိုမှတပါး ပညတ်တရားသည် ၀ိညာဉ်ပကတိနှင့် စပ်ဆိုင်သည်ကိုငါတို့ သိကြ၏။ငါမူကားဇာတိပကတိရှိ၏။
အပြစ်တရားလက်၌ကျေးကျွန်ဖြစ်၏။ရောမသြ၀ါဒစာ ၇း၁၄။အဘယ်ကြောင့်နည်းဟူမူကား၊လူအပေါင်းတို့ 
သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင်ရှေ့ တော်၌ အသရေပျက်ကြပြီ။  ရောမသြ၀ါဒစာ ၃း၂၃။
ယခုမူကားယုံကြည်သောသူတို့ သည် ယေရှုခရစ်ကိုယုံကြည်ခြင်းနှင့်စပ်ဆိုင်သောဂတိတော်ကိုရမည်အကြောင်း 
ကျမ်းစာလာသည် လူအပေါင်းတို့ ကို အပြစ်၌ချုပ်ထား၏။ဂလာတိသြ၀ါဒစာ ၃း၂၂။

၂။ဤအခြေအနေထဲမှာရှိသောကြောင့် ဘာအကျိုးဖြစ်မည်နည်း။
အပြစ်တရား၏ အခကားသေခြင်းပေတည်း။ဘုရားသခင်ပေးတော်မူသောဆုကျေးဇူးတော်ကား၊ငါတို့သခင်
ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။ရောမသြ၀ါဒစာ ၆း၂၃။

၃။သေခြင်းသို့ လူမည်မျှရောက်ရမည်နည်း။
     ဤအကြောင်းအရာဟူမူကား အပြစ်တရားသည်တယောက်သောသူအားဖြင်ဤလောကသို့ ဝင်၍အပြစ်
တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊လူအပေါင်းတို့ သည်အပြစ်ရှိသောကြောင့် သေခြင်းသို့ ရော
က်ရကြ၏။ရောမသြ၀ါဒစာ ၅း၁၂

၎။ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးသည်အဘယ်အရာနည်း။
ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား ၊ထာဝရအသက်ပေတည်း။ ရောမသြ၀ါဒစာ ၆း၂၃။
သူသည်အသက်ကိုဆုတောင်၍ ၊ကိုယ်တော်သည်အသက်မက၊ထာဝရအသက်ကိုပေးသနားတော်မူပြီ။
ဆာလံကျမ်း ၂၁း၎။

၅။၎င်းဆုကျေးဇူးတော်သည် ယခုအခါဘယ်သူ၌ ရှိနေသနည်း။
သက်သေခံတော်မူချက်ဟူမူကား၊ဘုရားသခင်သည်ငါတို့ အားထာဝရအသက်ကိုပေးတော်မူ၍ထိုအသက်သည်
လည်းသားတော်၌ ပါ၏။ရှင်ယောဟန်သြ၀ါဒစာပဌမစောင် ၅း၁၁။
ယခုမူကား ၊ခရစ်တော်သည် သေခြင်းမှထမြောက်တော်မူ၍အိပ်ပျော်သောသူတို့ တွင်အသီးသီးသောအသီး
ဖြစ်တော်မူပြီ။သို့ ဖြစ်၍ လူအားဖြင့်သေခြင်းတရားသည်တည်သကဲ့သို့ ၊သေသောသူတို၏  ထမြောက်ခြင်း
တရားသည် လူအားဖြင့်တည်လျှက်ရှိ၏။ကောရိ န္တုသြ၀ါဒစာ ပထမစောင် ၁၅း၂၀-၂၁။ 

၆။ထိုအသက်ကိုအဘယ်သူရနိုင်သနည်း။
အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကိုယူပါစေ။ ဗျာဒိတ်ကျမ်း ၂၂း၁၇။
သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏ သားတော်ကို မရသောသူမူကားအသက်
ကိုမရ။ရှင်ယောဟန်သြ၀ါဒစာ ပဌမစောင် ၅း၁၂။

၇။ထာဝရအသက် ရစေခြင်ငှါ ခရစ်တော်ကို အဘယ်သို့ ခံယူရသနည်း။
ငါအမှန်အကန်ဆိုသည်ကား ၊ငါ့ကိုယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ ရှင်ယောဟန်ခရစ်ဝင် ၆း၄၇။
သားတော်ကိုယုံကြည်သောသူသည်ထာဝရအသက်ကိုရ၏။သားတော်ကိုပယ်သောသူမူကားအသက်ကိုမတွေ့ 
ရ။ထိုသူ၏အပေါ်၌ဘုရားသခင်၏အမျက်တော်တည်နေသည်ဟု ယောဟန်ဟောလေ၏။ရှင်ယောဟန်ခရစ်
ဝင် ၃း၃၆။

၈။ခရစ်တော်ကိုခံယြူ့ပီးမှ ဘယ်အခြေမျိုး၌ ရှိနေသနည်း။
ငါသည် ခရစ်တော် နှင့် အတူလက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့ သော်လည်း အသက်ရှင်သေး၏။ထို
သို့ ဆိုသော် ငါသည်ကိုယ်တိုင်မရှင်၊ခရစ်တော်သည် ငါ၌ရှင်တော်မူ၏။ကိုယ်ခန္နာ၌ယခုငါရှင်သောအသက်
သည် ဘုရားသခင်၏သားတော်ကိုယုံကြည်ခြင်းအားဖြင့်တည်၏။ဂလာတိသြ၀ါဒစာ ၂း၂၀။

၉။ခရစ်တော်သည် ဘယ်အကြောင်းကြောင့် အသေသတ်ခြင်းခံတော်မူသနည်း။
ထိုကျေးဇူးတော်ကား ၊ငါတို့ ကိုကယ်တင်သော သခင်ယေရှုခရစ် ပေါ်ထွန်းသည့်အရာမှာ ယခုထင်ရှား
လျှက်၇ှိ၏။ထိုသခင်သည်သေခြင်းအကြောင်းကိုပယ်ရှား၍၊အသက်၇ှင်ခြင်းအကြောင်းနှင့် ဖောက်ပြန်ခြင်းအ
ကြောင်းကို  ဧ၀ံဂေလိတရားအားဖြင့် ထင်ရှားစေတော်မူပြီ။တိမောသေသြ၀ါဒစာဒုတိယစောင် ၁း၁၀။
ထိုသူငယ်တို့သည် အသွေးအသားနှင့်ဆက်ဆံကြသောကြောင့် ၊ခရစ်တော်သည်အသေခံတော်မူသော
အားဖြင့် သေခြင်းတရားကိုအစိုးရသောသူတည်းဟူသောမာရ်နတ်၏တန်ခိုးကိုချိုးဖဲ့ဖျက်ဆီးခြင်းငှာ၎င်း၊သေ
ဘေးကိုကြောက်၍ တသက်လုံးကျွန်ခံရသော သူတို့ ကိုကယ်လွှတ်ခြင်းငှါ၎င်း၊ထိုသူငယ်တို့ ၏နည်းတူအ
သွေးအသားကိုဆောင်ယူတော်မူ၏။
ဟေဗြဲသြ၀ါဒစာ ၂း၁၄-၁၅။
    မောရှေသည်တော၌ မြွေကိုမြောက်ထားသကဲ့ သို့ လူသားသည်မြောက်ထားခြင်းကိုခံရမည်။အကြောင်း
မူကား ထိုသားတော်ကိုယုံကြည်သောသူအပေါင်းတို့ သည် ပျက်စီးခြင်းသို့ မရောက်။ထာဝရအသက်ကိုရ
မည်အကြောင်းတည်း။ ရှင်ယောဟန်ခရစ်ဝင် ၃း၁၄-၁၅။

၁၀။ခရစ်တော်အသေခံဖို့ ရန် ဘယ်သောအခါကကြံစည်ထားတော်မူသနည်း။
မိစဉ် ဘဆက်ကျင်လည်သော အချည်းနှီးကျင့်ကြံပြုမူခြင်းမှ ၊ရွှေ ငွေ အစရှိသော ဖောက်ပြန်ပျက်စီး
တတ်သောဥစ္စာနှင့် သင်တို့ ကိုရွေးတော်မူသည်မဟုတ် ၊အဘယ်အပြစ်မျှမရှိ၊အညစ်အကြေးနှင့်ကင်းစင်
သော သိုးသငယ်ကဲ့သို့ သောခရစ်တော်၏ အသွေးတော်မြတ်နှင့် ရွေးတော်မူသည်ကိုသိမှတ်ကြလော့။
ထိုခရစ်တော်ကား ဤက မ္ဘာမတည်မရှိမှီ ခန့်ထားတော်မူခြင်းကို ခံနှင့်သည်ဖြစ်၍ ကိုယ်တော်အားဖြင့်
ဘုရားသခင်ကို ယုံကြည်သောသင်တို့ အဘို့ ၊ဤနောက်ဆုံးသောကာလ၌ ထင်ရှားတော်မူပြီ။
ရှင်ပေတရုသြ၀ါဒစာ ပဌမစောင် ၁း၁၈-၂၀။
မုသာနှင့်ကင်းစင်သောတော်မူသော ဘုရားသခင်သည် ၊ရှေးကပ်ကာလမရောက်မှီ ဂတိထားတော်မူ၍
တိတုသြ၀ါဒစာ ၁း၁-၂။

၁၁။အာဗြဟံအားပေးထားသော ဂတိတော်သည် အဘယ်သူ၌ ပြည့်စုံသနည်း။
ထာဝရဘုရားသည် အာဗြံအားထင်ရှား၍၊ဤပြည်ကိုသင်၏အမျိုးနွယ်အားငါပေးမည်ဟုမိန့် တော်မူ၏။
က မ္ဘာဦးကျမ်း ၁၂းရ။

၁၂။ဤကတိတော်၌ လူမည်မျှပါဝင်သနည်း။
ဘုရားသခင်သည်အာဗြံဟံကို သင်၏အမျိုးနွယ်အားဖြင့် လူမျိုးအပေါင်းတို့ သည် ကောင်းကြီးမင်္ဂလာ ကိုခံရ
ကြလိမ့်မည်ဟု ဗျာဒိတ်ထားတော်မူ၍ ၊ငါတို့ဘိုးဘေးများတို့ အား ပေးတော်မူသော ပဋိညာဉ်တရား
တော်နှင့် သင်တို့ သည်သက်ဆိုင်ကြ၏။တမန်တော်ဝတ္ထု ၃း ၂၅။

၁၃။အမျိုးအနွယ်သည် အဘယ်သူဖြစ်သနည်း။
ဂတိတော်တို့ ကို အာဗြံဟံနှင့် သူ၏အမျိုးအနွယ်၌ ထားတော်မူ၏။အမျိုးအနွယ်တို့ဟု အများသောသူတို့ ကို
ရည်မှတ်၍မိန့်တော်မူသည်မဟုတ်။သင်တို့ အမျိုးအနွယ်ဟုတယောက်သောသူကိုရည်မှတ်၍မိန့်တော်မူ၏။
ထိုတယောက်သောသူကား ခရစ်တော်ဖြစ်သတည်း။ ဂလာတိသြ၀ါဒစာ ၃း၁၆။

၁၄။အမျိုးအနွယ်သည် ခရစ်တော်ဖြစ်လျှင် ကျွန်ုပ် တို့ သည် ကတိတော်ကိုအဘယ်သို့ ရမည်နည်း။
ယခုမူကား ၊ယုံကြည်သောသူတို့ သည် ယေရှုခရစ်ကို ယုံကြည်ခြင်းနှင့်ဆိုင်သော ကတိတော်ကိုရ
မည်အကြောင်း ကျမ်းစာသည်လူအပေါင်းတို့ ကို အပြစ်၌ ချုပ်ထား၏။ ဂလာတိသြ၀ါဒစာ ၃း၂၂။

၁၅။ယုံကြည်ခြင်းအားဖြင့် ခရစ်တော်ကိုလက်ခံပြီး သည်နောက် ကိုယ်တော်သည် ကျွ န်ုပ် တို့အဖို့
ဘာဖြစ်သနည်း။
       ယေရှုက ငါသည်လမ်းခရီးဖြစ်၏။သမ္မာတရားလည်းဖြစ်၏။အသက်လည်းဖြစ်၏။ငါ့ကိုအမှီမပြုလျှင်အ
ဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။ ရှင်ယောဟန်ခရစ်ဝင် ၁၄း၆။

၁၆ ။  ခမည်းတော်ထံသို့ အခြားလမ်းမရှိသောကြောင့် ဘုရားသခင်နှင့်ဘယ်ကဲ့သို့ မိတ်သဟာရဖွဲ့ ရမည်
နည်း။
ထိုသခင်၏နာမတော်မှတပါး ငါတို့ကိုကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက်လူတို့
တွင် မပေါ်မရှိဟု ပေတရုသည်ထိုသူတို့ အားမြွက်ဆို၏။တမန်တော်ဝတ္ထု ၄း၁၂။
ဘုရားသခင်၏ကျေးဇူးတော်ကို ငါခံရသည်နှင့်အညီ၊လိမ္မာသော ဗိသုကာ ကဲ့ သို့ တိုက်မြစ်ကိုချပြီ။
အခြားသောသူသည် ထပ်ဆင့်၍တည်ဆောက်လေ၏။သို့ ရာတွင်အဘယ်သို့ ထပ်ဆင့်၍တည်ဆောက်
သည်ကို လူတိုင်းသတိပြုပါစေ။ ကောရိ န္တုသြ၀ါဒစာ ပဌမစောင် ၃း၁၀။

၁၇။လူအပေါင်းတို့ သည် ဘုရားသခင်၏ သားသမီးအဖြစ်သို့ ဘယ်ကဲ့သို့ ရောက်လာကြသနည်း။
အဘယ်သို့ နည်းဟူမူကား၊သင်တို့ အပေါင်းသည် ယေရှုခရစ်ကိုယုံကြည်သဖြင့်ဘုရားသခင်၏သားဖြစ်ကြ၏။
ဂလာတိသြ၀ါဒစာ ၃း၂၆။

၁၈။ဘုရားသခင်၏သားသမီးဖြစ်ကြလျှင် ဘာမျှော်လင့်စရာရှိသနည်း။ သားမှန်လျှင်အမွေခံ၊ဘုရားသခင်၏
အမွေခံဖြစ်ကြ၏။ခရစ်တော်နှင့် အတူဘုန်းဝင်စားမည်အကြောင်း၊ထိုသခင်နှင့်အတူဆင်းရဲဒုက္ခကိုခံရလျှင်၊
ထိုသခင်နှင့်ဆက်ဆံသောအမွေခံလည်းဖြစ်ကြ၏။  ရောမသြ၀ါဒစာ ၈း၁၇။

၁၉။ခရစ်တော်အားဖြင့် အမွေခံအရာသို့ ပြန်ရောက်စေလျှင် ကျွ န်ုပ်တို့ ဘာမျှော်လင့်ခြင်းရှိသနည်း။
 အကြောင်းမူကား ၊ငါတို့ သည်ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်၍ ထာဝရ
အသက်ကို မြော်လင့်သည်နှင့်အညီ အမွေခံဖြစ်ကြမည့် အကြောင်းတည်း။ တိတုသြ၀ါဒစာ ၃း၇။
ကိုယ်တော်သည်သားတော်လက်သို့ အပ်ပေးတော်မူသမျှသော သူတို့ အား ထာဝရအသက်ကိုပေးစေ
ခြင်းငှါ ၊လူမျိုးအပေါင်းတို့ ကိုအစိုးရသော အခွင့်တန်ခိုးကို သားတော်အားပေးတော်ူသည်နှင့်အညီ၊သား
တော်သည် ကိုယ်တော်၏ဘုန်းကို ထင်၇ှားစေပါမည်အကြောင်းသားတော်၏ဘုန်းကို ထင်၇ှားစေတော်မူပါ။
ထာဝရအသက်ဟူမူကား မှန်သောဘုရားသခင် တဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကို၎င်း၊စေလွှတ်
တော်မူသော ယေရှုခရစ်ကို၎င်း၊သိကျွမ်းခြင်းတည်း။  ရှင်ယောဟန်ခရစ်ဝင် ၁၇း၂-၃။
သူခိုးသည်ခိုးခြင်း ၊သတ်ခြင်း၊ဖျက်ဆီးခြင်းငှါသာလာတတ်၏။ငါမူကား သိုးတို့ ကိုအသက်လွှတ်ရုံမျှမက
အထူးသဖြင့် အသက်နှင့်ပြည့်စုံစေခြင်းငှါ လာသတည်း။ ရှင်ယောဟန်ခရစ်ဝင် ၁၀း၁၀။

Sunday, April 24, 2016

                                               သမ္မာကျမ်းစာလေ့လာခြင်း                     ဘုရားသခင်၏နှုတ်ထွက်တရားတော်

  (၁)သမ္မာကျမ်းစာရှိသမျှသည် အဘယ်သို့အားဖြင့်ဖြစ်လာသနည်း
 ထိုကျမ်းစာရှိသမျှသည်  ဘုရားသခင်မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍။ဘုရားသခင်၏ လုသည်
စုံလင် သောသူ၊ ကောင်းသောအမှု အမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါပြင်ဆင်သောသူဖြစ်မည်အကြောင်း
ဝါဒပေးခြင်း၊အပြစ်ကိုဘော်ပြခြင်း၊ဖြောင့်မတ်စွာပြုပြင်ခြင်း၊တရားကိုသွင်ခြင်း ကျေးဇူများကိုပြုတတ်၏
တိမောသေဩဝါဒစာဒုတိယစောင် ၃း၁၆-၁၇

(၂)။ ကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပတ်၌တရားတော်ဖြစ်ကြောင်  အဘယ်သို့ ခြားသောနားသော
လက္ခဏာများထင်ရှာသနည်း။
ဘုရားသခင်၏နှုတ်ကပတ် တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊သန်လျက်တကာတို့
ထက်ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍၊အသက်ရှင်ခြင်း၊ စိတ်ဝိညာဉ်ကို၎င်း၊အရိုးဆစ်နှင့်ခြင်ဆီကို၎င်းပိုင်းခြား
၍ ထုပ်ခြင်းအခွင့်တတ်၏။စိတ်နှလုံးအကြံအစည် များကိုလည်းသိမြင်တတ်၏။ ဟေဗြဩဝါဒစာ ၄း၁၂


(၃)နှုတ်ထွက်တရားတော်သည် အဘယ်မျှပတ်လုံးတည်တော်မူသနည်း
မဖေါက်ပြန်မပျက်စီးတတ်သောမျိုးစေ့တည်းဟူသောအသက်ရှင်၍ အစဉ်မြဲတည်တော်မူသော ဘုရားသ
ခင်၏ နှုတ်ကပတ်တော်အားဖြင့်ဖြစ်ဘွားသောကြောင့်ညီအစ်ကိုများချစ်ယောင်မဆောင်အမှန်ချစ်ခြင်းအလို
ငှါ၊စိတ်ထဲမှာသမ္မာတရားကိုနားထောင်လျက်၊ကိုယ်စိတ်လုံးကို စင်ကြယ်စေပြီး အားကြီးသော ချစ်ခြင်းမေ
တ္တာရှိကြလော့။ ရှင်ပေတရုဩဝါဒစာပဋ္ဌမစောင် ၁း၂၃


(၄) နှုတ်ထွက်တရားတော်ကိုခံယုဖို့ အဘယ်အဘယ်နည်းများ ရှိ၍ ထိုနည်းများအတိုင်းခံယူလျှင် အဘယ်
သို့သော အကျိုးခံစားရရှိသနည်း
ငါတို့ဟောပြောသော ဘုရားသခင်၏ နှုတ်ကပတ်တရားကို သင်တို့သည် ခံယူကြသောအခါ၊လူ၏နှုတ်
ထွက်စကား မခံယူဘဲ၊ဘုရားသခင်၏နှုတ်ကပတ်တော်အမှန်ဖြစ်သည်နှင့်အညီ၊ ယုံကြည်ခြင်သို့ရောက်
သော အသင်တို့အထဲ၌  ပြုပြင်သော ဘုရားသခင်၏နငတ်ကပတ်တရားကို ခံယူကြသည်အကြောင်းအရာ
ကို ငါတို့သည်ထောက်၍၊ ဘုရားသခင်၏ ကျေးဇူတော်ကို အစဉ်မပြတ် ချီးမွမ်းကြ၏။ 
သက်တာလောနိတ်ဩဝါဒစာပဋ္ဌမစောင် ၂း ၁၃

(၅)နှုတ်ထွက်တရားတော်သည် အဘယ်မျှလောက်သန့်ရှင်းစင်ကြယ်တော်မူသနည်း
ထာဝရဘုရားမိန့်တော်မူချက်တို့သည်သန့်ရှင်းခြင်းရှိ၍ မြေနှင့်ကင်း စင်စေခြင်းငှါ၊ မိုဃ်း၌ခုနှစ်ကြိမ်စစ်
သောငွေ့ကဲ့သို့ဖြစ်ကြ၏။- ဆာလံကျမ်း ၁၂း၆  ဓမ္မဟောင်းကျမ်း
နှုတ်ကပတ်တော်သည် အခွန်စင်ကြယ်သည်ဖြစ်၍၊ ကိုယ်တော်၏။ ကျွန်သည်နှစ်သက်ပါ၏။
ဆာလံကျမ်း  ၁၁၉း၁၄၀ ဓမ္မဟောင်းကျမ်း 
ဘုရားသခင်၏စကားတော်ရှိသမျှသည်စင်ကြယ်၏။ခိုလှုံသောသူ အပေါင်းတို့၌ ဘုရားသခင်သည် အကွယ်
အကာဖြစ်တော်မူ၏စကားတော်တို့၌ ထပ်၍မသွင်နှင့်သြို့ပုလျှင်အပြစ်တော်မူ၍၊သင်သည် မုသာသုံသော
သူဖြစ်လိမ့်မည်။ုတ္တံကျမ်း ၃၀း၅-၆

(၇) နှုထွက်တရားတော်သည်အဘယ်မျှလောက်ဟုတ်မှန်သနည်း
ကိုယ်တော်၏ သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်စေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်တော်သည်
သမ္မာတရာဖြစ်ပါ၏။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၇း၁၇

(၈)ဘုရားသခင်၏ သက်သေခံချက်နှုတ်တရားတော်သည် အစဉ်အမြဲတည်ရှိသလော့။
သက်သေခံတော်မူချက်တို့ကို အစဉ်အမြဲအမြဲတည်တော်မူကြောင်း ကိုရှေ့ဦးစွာစ၍အကျွန်ပ်သိရပါ၏
ဆာလံကျမ်း ၁၁၉း၁၅၂  ဓမ္မဟောင်းကျမ်း
အစအသီး၌ နှုတ်ကပတ်တော်ရှိ၏။နှုတ်ကပတ်တော်သည်ဘုရားသခင်နှင့်အတူရှိ၏။နှုတ်ကပတ်တော်သည်
လည်း ဘုရားသခင်ဖြစ်တော်မူ၏။-ထိုနှုတ်ကပတ်တော်သည်ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏။
ဖန်ဆင်းတော်မူခြင်းနှင့် ကင်လွှတ်လျက်ဖြစ်သောအရာတစုံတခုမျှမရှိ။  ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁း၁-၃


(၉)ဘုရားသခင်၏နှုတ်ထွက်တရားတော်ကိုပြောင်းလဲစေနိုင်မည်လော့
ိုက္ကှသရေလအမျိုးသားတို့သည် အသက်၇ှင်၍၊ သင်တို့ဘိုးဘေးကိုးကွယ်သောဘုရားသခင် ထာဝရ
ဘုရားပေးတော်မူသောပြည်ကို ဝင်စားမည်အကြောင်း သင်တို့ကျင့်စရာဘို့ ငါသွန်သော စီရင်ထုံးဖွဲ့ချက
တို့ကိုနားထောင်ကြလော့။ တရားဟောရကျမ်း ၄း ၁-၂ ဓမ္မာဟောင်းကျမ်း                 
 ဤစာစောင်၏အနာဂတ္တိကျမ်းစကားကိုကြားသောသူအပေါင်းတို့အားငါသက်သေခွသည်ကား၊
အကြာင်သည်
ဤအရာတို၌ထပ်၍အသစ်သွန်း၏၊ဤစာစောင်၌ ရေးထားသော  ဘေးဒဏ်တို့ကို ထိုအပေါ်သို့ဘုရားသခင်

သက်ရောက်စေတော်မူမည်၊အကြင်သူသည် ဤစာစောင်၌ ရေးထားသော အသက်ပင်နှင့်၎င်း၊သန့်ရှင်
မြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကိုဘုရားသခင် နှုတ်ပယ်တော်မူမည်။ ဗျာဒိတ်ကျမ်း၂၂း၁၈-၁၉


(၁၀)မိုဃ်းရေးနှင့် မိုဃ်းပွင့်တို့သည် မိုဃ်းကောင်းကင်မှဆင်းသက်၍နောက်တဖန်မပြန်၊မြေသည်မျိုးစေ့ကြဲ
သောသူအားမျိုးစေ့ကို၎င်း၊အစာစားသောသူအားမျိုးစေ့အစာစားသောသူအားအစာကို၎င်းပေးမည်အကြောင်း
မြေကိုစိုစေဖြင့်ဈအပင်ပေါက်စေ၍၊အသီကိုသီသကဲ့သို့၊ထိုအတူငါ၏
နှုတ်ကပတ်တော်တော်ဖြစ်လိမ့်မည်
။ 
ကျိးမရှိဘဲငါထံသို့မပြန်ရ။
 ဟေရှာယအနာဂတ္တိကျမ်း ၅၅း၁၀-၁၁ 


(၁၁)နှုတ်ထွက်တရားတော်ကိုခံယူသောသူတို့အား နှုကပတ်၌တရားတော် အဘယ်သို့ပြုသနည်း
 ညီအစ်ကိုတို့၊ယခုငါသည်သင်တို့ကိုဘုရားသခင်၌အပ်နံ၏။သင်တို့ကို တည်ဆောင်ခြင်းငှါ၎င်း၊သန့်ရှင်း
သောသူအပေါင်း တို့နှင့်အတူသင်တို့အား အမွေပေးခြင်းငှါ၎င်း၊တတ်နိုင်သောဘုရားသခင်၏ကျေးဇူးတရား
၌လည်း သင်တို့ကိုငါအပ်နံ၏။ တမန်တော်ဝတ်တ္ထု  ၂း၃၂  ဓမ္မသစ်ကျမ်း
ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းအလိုငှါ ပညာကိုသောနိုင်သောဓမ္မ ကျမ်းစာကို ငယ်သောအရွယ်မှစ၍လေ့
ကျက်သည်ကို၎င်းမှတ်နှင့်၊အထက် သင်၍နှလုံးသွင်းမိသောအာဝါဒ၌ တည်နေလော့။-ထိုကျမ်းစာရှိသမျှ
သည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍၊- ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ကောင်း
သောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါ ပြင်ဆင်သောဖြစ်မည် အကြောင်းဩဝါဒပေးခြင်း၊အပြစ်ကိုဘော်
ပြခြင်း ဖြောင့်မတ်စွာပြုပြင်ခြင်း၊တရားကိုသွင်းခြင်း ကျေးဇူးများကိုပြုတတ်၏။ 
တိမောသောဩဝါဒစာဒုတိယစောင် ၃း၁၅-၁၇
(၁၂)ဘုရားသခင်သည် နှုတ်ထွက်တရားတော်တိတော် အဘယ်သမျှလောက် ဂရုပြု၍ ထောက်ထား
တော်မုသနည်း
သန့်ရှင်သောဗိန်မာန်တော်သို့မျာက်နာပြုလျက် ပြပ်ဝတ်ကိုးကွယ်၍၊ကရုဏာတော်နှင့် သစ္စာတော်ကြောင့်
နာမတော်ကိုချီးမွမ်းပါမည်။အကြောင်းမူကား၊ဂတိတော်ကိုသိတင်းတော်ရှိသမျှခက် ချီးမြောက်တော်မူပါပြီ
ဆာလံကျမ်း ၁၃၈း၂