My Blog List

Sunday, April 24, 2016

                                             သမ္မာကျမ်းစာလေ့လာခြင်း
တန်ခိုးနှင့်ပြည့်စုံခြင်း နှုတ်ထွက်တရား၌

































(၁)ထာဝရ ဘုရားသခင်သည် မိုဃ်းကောင်းကင်ကိုအဘယ်သို့နည်းအားဖြင့်ဖန်ဆင်းတော်မူသနည်း။
 ထာဝရ ဘုရား၏ နှုတ်ကပတ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို၎င်း၊ နှုတ်တော် အသက်အားဖြင့် မိုဃ်း
ကောင်းကင် တန်ဆာများကို၎င်း ဖန်ဆင်းတော်မူ၏။-သမုဒ္ဒရာရေကိုစုပုံစုဝေးစေတော်မူ၏၊ နက်နဲသော
သမုဒ္ဒရာကိုလည်း လုံခြုံရာအရပ်တို့၌သိုထားတော်မူ။- ထာဝရ ဘုရားကိုမြေကြီးတပြင်လုံကြောက်ရွံ့စေ။
လောကီနိုင်ငံသား အပေါင်းတို့သည်  ရိုသောလေးမြတ်ကြစေ။ အကြောင်းမူကား၊ ထာဝရဘုရားမြွတ်ဆို၍၊
 မြွတ်ဆိုတော်မူ သည်အတိုင်းဖြစ်၏။ အမိန့်တော်ရှိ၍၊ မိန့်တော်အတိုင်း တည်လျက်နေ၏။ ဆာလံကျမ်း ၃၃း ၆-၉

 (၂)ယေရှုခရစ်တော် အဘယ်သို့သောလက္ခဏာနှင့်ပြည့်စုံသနည်းဟု၍ နှုတ်ထွက်တရားတော်၌ဘော်ပြသ
နည်း
ထိုသားတော်သည် ဘုရားသခင်၏ဘုန်းတော်အရောင်ခြည် နှင့်ပြည့်စုံဇာတိအဖြစ်တော်၏ ပုံဏ္ဍာန်ဖြစ်၍၊
တန်ခိုးနှင့်ပြည့်စုံသောမိမိအမိန့်တော်အားဖြင့် ခပ်သိမ်းသောအရာတို့ကို မစတော်သောသူဖြစ်လျက်၊ငါတို့
အပြစ်ကိုများ ကိုကိုယ်တော်တိုင်အားဖြင့်သုတ်သင်ပယ်ရှင်းပြီးလျှင်မြင့်သောအရပ်သို့မှာတန်ခိုးအားနုဘော်
တော်၏ လက်ျာ ဘက်၌ ထိုင်တော်မူ၏။ ဟေဗြဲဝသဝါဒစာ ၁း၃

(၃) အချို့သောသူများတို့သည်မသည်မှတ်ယာင်ဆောင်လျက်နေကြ၏။
 ရှေးကာလ၌ မိုဃ်းကောင်းကင်ကို၎င်း၊ရေထဲကထွက်၍ရေဖြင့်သည်တည်သော မြေကြီးကို၎င်း၊ဘုရားသခင်
၏ နှုတ်ကပတ်တော်သည်ဖြစ်စေတော်မူကြောင်းနှင့်၊-ဖြစ်ဘူးသောလောဓာတ်ကိုထိုသို့အားဖြင့်ရေလွှမ်းမြုပ်
 ၍ဖျက်ဆီးကြောင်းကို ထိုသူသူတို့သည်မှတ်မိချင်သောစိတ်မရှိကြ။ ရှင်ပေရုသြဝါဒစာဒုတိယစောင် ၃း၅-၆


(၄)မြေကြီးကို ထိုနှုတ်ကပတ်တော်အားဖြင့် အဘယ်သို့အားဖြင့်သို့၍ ထားရှိသနည်း
ယခုရှိသောမိုဃ်းကောင်းကင်နှင့် မြေကြီးမူကား၊ တရားဆုံးဖြတ်၍ အဓမ္မ လူတို့ကို ဖျက်ဆီးသော နေ့ရက်
တိုင်အောင်ဖြင့်သိုထားလျက်ရှိ၍၊မီးရှို့ခြင်းအဘို့အလိုငှါနေရစ်သတည်း။ ရှင်ပေတရုသြဝါဒစာ ၃း၇

(၅)အရာရာ၌ ရှိသော အရာခပ်သိမ်းတို့သို့သည် ထာဝရ ဘုရားသခင်အားအဘယ်သို့ ချီမွမ်းကြရမည်သ
နည်း။
ကောင်းဘုန်၌ထာဝရဘုရားကိုချီးမွမ်းကြလော့။ဘဝဂ်ပေါ်မှာချီးမွမ်းကြလော့၊ကောင်းကင်တမန်အပေါင်းတို့၊
 ထာဝရ ဘုရာကိုချီးမွမ်းကြလော့။ကောင်းကင်ဗိုလ်ခြေ အပေါင်းတို့၊ချီးမွမ်းကြလော့။- နေလ တို၊ ထာဝရ
ဘုရားကိုချီးမွမ်းကြလော့။ ထွန်းလင်းသောကြယ်အပေါင်းတို့၊ ချီးမွမ်းကြလော့။- ကောင်းကင်ထပ်ထပ်နှင့် 
ကောင်းကင်ပေါ်မှာရေများတို့၊ ချီးမွမ်းကြလော့။ထိုအရာတို့ကိုအမိန့်တော်ရှိ၍၊ဖန်ဆင်တော်မူသောကြောင့်
ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြစေ။ထိုအရာတို့ကို ကာလ အစဉ်အဆက်တည်စေ တော်မူ၍၊မပျက်
 ရသော သောဓမ္မတာကိုစီရင်တော်မူ၏။ ဆာလံကျမ်း ၁၄၈း ၁-၆ 

(၆)ယေရှုခရစ်တော်၌ ရှိသောသူအား အဘယ်သို့ဖြစ်သနည်း
လူမည်ကား၊ခရစ်တော်၌ရှိလျှင်အသစ်ပြင်ပြင်သောသတ္တဝါဖြစ်၏။ဟောင်းသော အရာတို့သည်ပြောင်းလဲ၍
ခပ်သိမ်းသောအရာတို့သည်အသစ်ဖြစ်ကြ၏ပြီ။ ကောရိန္တြုသြဝါဒစာဒုတိယစောင် ၅း ၁၇ ဓမ္မသစ်ကျမ်း

 (၇)ယေရှုခရစ်တော်အဘယ်သို့ မိန့်တော်မူသနည်း
ဒုတိယမွေးခြင်းကို မခံသောသူ မည်သည်ကား၊ဘုရားသခင်၏နိုင်ငံတော်ကိုမမြင်ရဟု ငါအမှန်ဆိုသည်ဟု
ပြန်၍ မိန့်တော်မူ၏။   ရှင်ဟောဟန်ခရစ်ဝင်ကျမ်း ၃း၃

(၈) ရှင်ယောဟန်ခရစ်ဝင်ကျမ်းအတွင်း ဒုတိယမွေးဘွားခြင်း၏သမ္မာကျမ်းစာ ရှင်ပေတရုသြဝါစာ၌ အဘယ်
သို့ဘော်ပြခြင်းရှိသနည်း
မဖောက်ပြန်မပျက်စီးတတ်သောမျိုးစေ့တည်းဟူသောအသက်ရှင်၍ အစဉ်အမြဲ တည်တော်မူသော ဘုရား
သခင်၏နှုတ်ကပတ်တော်အားဖြင့်ဖြစ်ဘွားသောကြောင့် ညီအစ်ကိုများကိုချစ်ယောင်မဆောင်အမှန်ချစ်အ
လိုငှါ၊စိတ်ထဲမှာသမ္မာတရားကိုနားထောင်လျက်၊ကိုယ်စိတ်နှလုံးကိုစင်ကြယ်စေပြီးသည်နှင့်အညီ၊စင်ကြယ်
သောစိတ်နှင့်အချင်းချင်းအားကြီးသောသောချစ်ခြင်းမေတ္တာရှိကြလော့။ ရှင်ပေတရုသြဝါဒစာပဋ္ဌမစောင် ၁း၂၃

(၉)ထာဝရ ဘုရားသခင်သည် အစဦး၌ ဘုရားသခင်သည် အဘယ်သို့ဖန်ဆင်တော်မူသနည်း
အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။မြေကြီးသည်အဆင်းသဏ္ဍာန်
မရှိ၊လွှပ်လပ်ဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ဝိညာဉ်တော်သည် ရေမျက်
နာပြင်ပေါ်မှာ လှုပ်ရှာတော်မူ၏။
ဘုရားသခင် ကလည်း ၊ အလင်းဖြစ်စေဟု အိမ့်တော်ရှိ၍ အလင်းဖြစ်လေ၏။  ကမ္ဘာဦးကျမ်း ၁း၁-၃

(၁၀) ကျွန်ပ်တို့သည် ဘုရားသည် အမှောင်မိုက်၌ အလင်ဖြစ်ဟူ၍ အဘယ်သို့မိန့်မြွတ်တော်မူသနည်း
မှောင်မိုက်က အလင်းထါန်းလင်မည်အကြောင်းမိန့်တော်သော ဘုရားသခင်သည်၊ယေရှုခရစ်မျက်နာ၌ထွန်း
လင်းသောဘုရားသခင်၏ ဘုန်းတော်ကိုသိသော ဥာဏ်၏အလင်ရောင်ကိုလိုသောငှါ၊ ငါတို့စိတ်နှစ်ထဲ၌အ
လင်းကိုထွန်းလင်းစေတော်မူ၏။ ကောရိန္တြုသြဝါဒစာဒုတိယစောင် ၄း၆

(၁၁)ယေရှုခရစ်တော်အားလူဒု့ပရိတ်သတ်အဘယ်အံ့၎င်းခြင်းရှိကြသနည်း
အာဏာနှင့်စောတော်မူသောကြောင့်ပရိသတ်တိုသည်ဒေသနာတော်ကိုအလွန်အံ့သြကြ၏။ ရှင်လုရာခရစ်ဝင်ကျမ်း ၄း၃၂း 

(၁၂) ယေရှုခရစ်တော်သည် အာဏာ တန်ခိုးအားဖြင့် နတ်ဆိုးမှားတော်မူသောကြောင့်အဘယ်သို့ရှိ
သနည်း
ယေရှုကလည်း၊တိတ်ဆိတ်စွာနေလော့။ထိုသူ၏အထဲကထွက်သွားလော့ဟုဆုံးမတော်မူလျှင်၊နတ်ဆိုးသည်
 ထိုသူကိုလူများအလယ်၌ လှဲချ၍ ဘေးဥပဒ် မပြုဘဲ ထွက်သွား၏။လူအပေါင်းတို့သည် မိန်းမော တွေဝေ၍၊
ဤစကားသည် အဘယ်သို့သော စကားနည်း ညစ်ညှုးသောနတ်တို့ကို အာဏာ တန်ခိုးနှင့်မှာထား၍သူတို့
သည် ထွက်သွားကြသည်  တကားဟု အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။ ရှင်လုကာခရစ်ဝင်ကျမ်း ၄း၃၆


(၁၃) ရှေးလူတို့အား ထာဝရဘုရားသခင် အနာရောဂါကို နှုတ်ကပတ်တော်အားဖြင့် အနာရောနာဂါငြိမ်းစေ
သနည်း
နှုတ်ကပတ်တော်ကိုလွှတ်သဖြင့်၊ သူတို့အနာကိုငြိမ်းစေ၍၊ဖျက်စီးခြင်း အရာများ ထဲက နှုတ်ယူတော်၏
ဆာလံကျမ်း ၁၀၇း ၂၀

(၁၄)တပိမှူသားကိုယေရှုခရစ်တော် အနာရောဂါကိုငြိမ်းစေသနည်း
တပ်မှူက၊သခင်၊ကျွန်တော်၏၊အိမ်မိုးအောက်ကြွဝင်တော်မူခြင်းကျေးဇူးတော်ကိုကျွန်တော်မခံထိုက်ပါ၊အမိန့်
 တခွန်းရှိလျှင် ကျွန်တော်၏ သားငယ်သည်ချမ်းသာရပါလိမ့်မည်။ ရှင်မဿဲခရစ်ဝင်ကျမ်း ၈း၈ ဓမ္မသစ်ကျမ်း

(၁၅) ဘုရားသခင်နှုတ်ကပတ်တော် အဘယ်သို့မျိုးစေ့ဟု၍ ဆိုသနည်း
 အချို့သောမျိုးစေ့တို့သည်ကောင်းသောမြေ၌ကျသဖြင့် အပင်ပေါက်၍ အဆတရာပွါးများ အသီး သီးကြ၏
ဟုမိန့်တေိာမူပြီးမှာ၊ကြားစရာနားရှိသောသူမည်သာကားကြားပါစေဟုကြွေးကြော်တော်မူ၏။ 
ရှင်လုကာခရစ်ဝင်ကျမ်း ၈း၈ 


(၁၆)ဘုရားသခင်၏ နှုတ်ထွက်တရားကိုကြားသောလည်း မယုံဘဲ အဘယ်သို့ကြသနည်း
နှုတ်ကပတ် တော်သည် လည်းသင်တို့မတည်၊ အကြောင်းမူကားစေလွှတ်တော်မူသောကိုသင်တို့သည် မယုံကြည်ဘဲနေကြ၏။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၅း၃၈ 



(၁၇)သမ္မာကျမ်းစာကို ကျွန်ပ်တို့အဘယ်သို့ခံယူကြမည်သနည်း
ငါတို့ဟောပြောသော ဘုရားသခင်၏ နှုတ်ကပတ်တရားကို သင်တို့သည် ခံယူကြသောအခါ၊လူ၏နှုတ်ထွက်
စကားကို မခံယူဘဲ၊ဘုရားသခင်၏နှုတ်ကပတ်တော်အမှန် ဖြစ်သည်နှင့် အညီ၊ယုံကြည်ခြင်းသို့ရောက်သော
အသင်တို့အထဲ၌ ပြင်ပြင်သောဘုရားသခင်၏နှုတ်ကပတ်တရာကိုခံယူကြသည်အကြော်ငးအရာကို ငါတို့
သည် ထောက်၍၊ ဘုရားသခင်၏ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းကြ၏။ သက်တာလောနိတ်သြဝါဒစာ  ၂း၁၃ 

(၁၈) ထာဝရ ဘုရားသခင်သည် အကျွန်ပ်တို့အား အဘယ်သို့သောဂတိပေးတော်မူခဲ့သနည်း
ထိုသို့သော အားဖြင့်လည်းအလွန်ကြီးမြတ်၍အဘိုးထိုက်သောဂတိများကိုငါတို့အိပ်ပေးတော်မူပြီ၊အကြောင်း
မူကား၊ ထိုဂတိတော်များကို အမှိပြု၍ သင်တို့သည် လောကီတပ်မက်ခြင်းအညစ်ကြေးနှင့်ကင်းလွှတ်သဖြင့်၊
ဘုရားပကတိကိုဆက်ဆံရသောသူဖြစ်ကြမည်အကြောင်းတည်း။ ရှင်ပေတရုသြဝါဒစာဒုတိယစောင် ၁း၎


(၁၉) ယေရှုခရစ်တော်ဟောပြောစောစကားသည် အကျွန်ပ်တို၌ အဘယ်သို့ဖြစ်ရမည်နည်း
သင်တို့သည် ငါဟောပြောသော စကားအားဖြင့် ယခုပင်ရှင်းလင်းလျက်ရှိကြ၏။ 
ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၅း ၃ 

(၂၀) ကျွန်ပ်တို့ မိမိကိုယ်ကို အဘယ်သိုစင်ကြယ်အောင်ပြုနိုင်မည်လော့။
လူပျိုသည် မိမိသွားသောလမ်းကိုအဘယ်သိုသန့်ရှင်းစေနိုင်ပါမည်သနည်း ဟူမူကား၊ နှုတ်ကပတ်တော်အ
တိုင်းသတိပြုရမည်။- အကျွန်ပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ရှာပါ၏။ပညတ်တော်လမ်းမှာ လွဲ
စေတော်မမူပါနှင့်။ ဆာလံကျမ်း ၁၁၉း၁၀-၁၁

(၂၁) အကျွန်ပ်တို့သည် အဘယ်သို့သောလမ်းကိုလိုက်ကြမည်လော့
လူပြုသောအမှုများမှာ၊ဖျက်ဆီးတတ်သောသူ၏လမ်းတို့ကိုနှုတ်ကပတ်တော်အားဖြင့်အကျွန်ပ်ရှောင်ပါပြီး
ဆာလံကျမ်း ၁၇း ၎