My Blog List

Tuesday, May 3, 2016

                                                      သမ္မာကျမ်းစာလေ့လာခြင်း                                                 ယုံကြည်ခြင်း

 ၁။ယုံကြည်ခြင်းဆိုသည်မှာ အဘယ်သို့နည်း။
ယုံကြည်ခြင်းသည်မျှော်လင့်ခြင်းအရာတို့ ကို မျက်မှောက်ပြုခြင်းဖြစ်၏။မမြင်သေးသောအရာတို့ ကိုသိမှတ်
စွဲလမ်းခြင်းအကြောင်းဖြစ်၏။ ဟေဗြဲသြ၀ါဒစာ ၁၁း၁။
မျက်မှောက်မမြင်ဘဲ ယုံကြည်ခြင်း၊မျှော်လင့်ခြင်းရှိသည့်အတိုင်း၊ငါတို့သည်ကျင့်ဆောင်ပြုမူသည်ဖြစ်၍။
ကောရိ န္တုသြ၀ါဒစာဒုတိယစောင် ၅း၇။

၂။ဘုရားဝတ်ကိုပြုခြင်း၌ ယုံကြည်ခြင်းရှိရမည်လော။
ယုံကြည်ခြင်းမရှိလျှင်၊ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။အကြောင်းမူကား၊ဘုရားသခင်၏အထံတော်သို့ 
ချဉ်းကပ်သောသူသည်၊ဘုရားသခင်ရှိတော်မူသည်ကို၎င်း၊ကိုယ်တော်ကိုရှာသောသူအားအကျိုးပေးတော်မူ
သည်ကို၎င်း၊ယုံကြည်ရမည်။ဟေဗြဲသြ၀ါဒစာ ၁၀း၆။
ယေရှုကလည်း၊သင်သည်ယုံကြည်နိုင်သလော။ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသောအမှုတို့ ကိုတတ်
နိုင်သည်ဟုမိန့်တော်မူ၏။ရှင်မာကုခရစ်ဝင် ၉း၂၃။

၃။ယုံကြည်ခြင်းမရမီ ဘာဖြစ်ရမည်နည်း။
သို့ရာတွင်၊မယုံကြည်လျှင်အဘယ်သို့ ပဌနာပြုနိုင်မည်နည်း။သိတင်းမကြားလျှင်အဘယ်သို့ ယုံကြည်နိုင်မည်
နည်း။ဟောပြောသောသူမရှိလျှင်အဘယ်သို့ ကြားနိုင်မည်နည်း။လူကိုမစေလွှတ်လျှင်အဘယ်သို့ဟောပြော
နိုင်မည်နည်း။ထိုသို့နှင့်အညီကျမ်းစာလာသည်ကား၊ငြိမ်သက်ခြင်း၏၀မ်းမြောက်စရာသတင်း၊ကောင်းကျိုးချမ်း
သာ၏၀မ်းမြောက်စရာသတင်းကိုကြားပြောသောသူ၏ခြေတို့သည်အလွန်တင့်တယ်စွတကား၊ဟုလာသတည်း။
သို့သော်လည်းလူအပေါင်းတို့သည်ဝမ်းမြောက်စရာသတင်းကိုနားထောင်ကြသည်မဟုတ်။ပရောဖက်ဟေရှာ
ယစကားဟူမူကား၊အိုထာဝရဘုရား၊အကျွန်ုပ်တို့ဟောပြောသောသတင်းစကားကိုအဘယ်သူယုံပါသနည်းဟု
ဆို၏။သို့ဖြစ်၍ယုံကြည်ခြင်းသည်ကြားနာခြင်းအားဖြင့်ဖြစ်၏။ကြားနာခြင်းသည်လည်း၊ဘုရားသခင်၏စကား
တော်အားဖြင့်ဖြစ်၏။ရောမသြ၀ါဒစာ ၁၀း၁၄-၁၇။

၎။ထိုသို့ဖြစ်လျှင်ယုံကြည်ခြင်းကိုအဘယ်သို့ရသနည်း။
 သို့ဖြစ်၍ယုံကြည်ခြင်းသည်ကြားနာခြင်းအားဖြင့်ဖြစ်၏။ကြားနာခြင်းသည်လည်း၊ဘုရားသခင်၏စကား
တော်အားဖြင့်ဖြစ်၏။ရောမသြ၀ါဒစာ ၁၀း၁၇။

၅။ဘုရားသခင်၏ကတိတော်များကိုကျွန်ုပ်တို့သည်အဘယ်အကြောင်းကြောင့်ယုံကြည်အားထားရကြမည်နည်း
ဂတိထားတော်မူသောသူသည်ဂတိတော်အတိုင်းတတ်နိုင်တော်မူသည်ကိုစိတ်စွဲလမ်းလေ၏။
ရောမသြ၀ါဒစာ ၄း၂၁။
မျှော်လင့်ခြင်းအကြောင်းကိုဝန်ခံ၍မတိမ်းယိမ်းမရွှေ့ လျော့ ဘဲ တည်ကြည်ကြကုန်အံ့။အကြောင်းမူကား၊ဂတိ
ထားတော်မူသောသူသည်သစ္စာနှင်ြ့ပည့်စုံတော်မူ၏။ ဟေဗြဲသြ၀ါဒစာ ၁၀း၂၃။

၆။ယုံကြည်ခြင်း၌ စိတ်ဇဝေဇ၀က် တစ်စုံတခုရရှိနိုင်သလော။
သို့ရာတွင်တွေးတောခြင်းမရှိဘဲယုံကြည်သောစိတ်နှင့်တောင်းရမည်။တွေးတော်ခြင်းရှိသောသူကား၊လေ
ခတ်၍လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏။ ရှင်ယာကုတ်သြ၀ါဒစာ ၁း၆။
ယေရှုကလည်း၊သင်တို့သည်ဘုရားသခင်ကိုယုံကြည်ခြင်းကြလော့။ငါအမှန်ဆိုသည်ကား၊အကြင်သူသည်
ယုံမှားသောစိတ်နှင့် ကင်း၍မိမိဆိုသည်အတိုင်းဖြစ်မည်ဟုယုံကြည်လျှက်၊ထိုတောင်ကိုနေရာမှရွှေ့ လော.။
ပင်လယ်မှကျလော့ဟုဆိုလျှင်၊ထိုသူဆိုသည့်အတိုင်းဖြစ်လိမ့်မည်။ ရှင်မာကုခရစ်ဝင် ၁၁း၂၂-၂၃။

၇။ဘုရားသခင်၏ကတိတော်များကိုအဘယ်တွက်ကြောင့်တွေးတောရသနည်း။
ယုံမှားသောစိတ်နှင့်ကင်း၍ဘုရားသခင်၏ကတိတော်ကိုတွေးတောခြင်းမရှိ၊ယုံကြည်အားကြီးသဖြင့်ဘုရား
သခင်ကိုချီးမွမ်း၍။ ရောမသြ၀ါဒစာ ၄း၂၀။

၈။ယုံကြည်ခြင်းအကျိုးရှိဖို့ရန် အဘယ်အရာနှင့်ပူးတွဲရမည်နည်း။
ထိုနည်းတူအကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည်တပါးတည်းရှိသောကြောင့်အသေဖြစ်၏။ရှင်ယာကုတ်
သြ၀ါဒစာ ၂း၁၇။
ယေရှုခရစ်ထံ၌အရေဖျားလှီးခြင်းအကျိုးမရှိ။မခံဘဲနေခြင်းလည်းအကျိုးမရှိ။မေတ္တာအားဖြင့်ပြုပြင်တတ်သော
ယုံကြည်ခြင်းသာအကျိုးရှိ၏။ ဂလာတိသြ၀ါဒစာ ၅း၆။

၉။ယုံကြည်ခြင်းအကြာင်းကိုပုံသက်သေများပြပါ။
နောဧသည်မမြင်သေးသော အမှုအရာတို့ကိုဘော်ပြသောဗျာဒိတ်တော်ကိုခံရပြီးမှ ယုံကြည်သောအားဖြင့်
ကြောက်ရွံ့သောစိတ်ရှိ၍ မိမိအိမ်သူအိမ်သားတို့ကိုကယ်တင်ခြင်းငှါသင်္ဘောကိုတည်လေ၏။ထိုယုံကြည်ခြင်း
အားဖြင့်လောကီသားတို့ကိုအပြစ်တင်၍ယုံကြည်ခြင်းနှင့်ယှဉ်သောဖြောင့်မတ်ခြင်းကိုလည်းအမွေခံရ၏။
ဟေဗြဲသြ၀ါဒစာ ၁၁း၇။
လျှပ်ပေါ်သောလူ၊အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည်အသေဖြစ်သည်ကိုသိချင်သလော။ငါတို့အဘ
အာဗြဟံသည်မိမိသားဣဇာက်ကိုယဇ်ပလ္လင်ပေါ်မှာတင်လျူပူဇော်သောအခါ၊အကျင့်အားဖြင့်ဖြောင့်မတ်ရာ
သို့ရောက်သည်မဟုတ်လော။ယုံကြည်ခြင်းသည်အကျင့်နှင့်အတူပြုပြင်၍၊အကျင့်အားဖြင့်စုံလင်သည်ကိုသိ
မြင်ရ၏။အာဗြဟံသည်ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့မှတ်
တော်မူ၏ဟူသောကျမ်းစကားပြည့်စုံလေ၏။အာဗြဟံသည်လည်း၊ဘုရားသခင်၏အဆွေဟူ၍ခေါ်ဝေါ်ခြင်း
ကိုခံရ၏။လူသည်ယုံကြည်ခြင်းအားဖြင့်သာဖြောင့်မတ်ရာသို့ရောက်သည်မဟုတ်။အကျင့်အားဖြင့်ရောက်
သည်ကိုသင်တို့သိမြင်ရကြ၏။ ရှင်ယာကုတ်သြ၀ါဒစာ၂း၂၀-၂၄။
ယေရိခေါမြို့ကိုခုနှစ်ရက်ပါတ်လုံးဝိုင်၍လှည့်ပြီးမှ၊ယုံကြည်ခြင်းအားဖြင့်မြို့ရိုးသည်ပြိုလဲ၏။ဟေဗြဲ ၁၁း၃၀။

၁၀။ယုံကြည်ခြင်းနှင့်စိတ်ထင်၍ အယူရှိခြင်းတို့သည် အဘယ်သို့ခြားနားသနည်း။
ငါတို့သည်ပညတ်တော်တို့ကိုစောင့်ေ၇ှာက်၍၊နှစ်သက်တော်မူသောအကျင့်တို့ကို ကျင့်သောကြောင့်ဆု
တောင်းသမျှတို့ကိုဘုရားသခင်ထံတော်မှ ရကြ၏။ရှင်ယောဟန်သြ၀ါဒစာပဌမစောင် ၃း၂၂။
တဖန်မာရ်နတ်သည်ယေရှုကိုယေရုရှလင်မြို့သို့ဆောင်သွာ၍၊ဗိမာန်တော်၏အထွဋ်၌ တင်ထားပြီးလျှင်၊
ကျမ်းစာလာသည်ကား၊သင့်ကိုစောင့်ေ၇ှာက်စေခြင်းငှါ ကောင်းကင်တမာန်တို့အား သင့်အဘို့မှာထားတော်မူ
သည်ဖြစ်၍၊သင်၏ခြေကိုကျောက်နှင့်မထိမခိုက်စေခြင်းငှါ၊သူတို့သည်သင့်ကိုလက်နှင့်မစချီပင့်ကြလိမ့်မည်
ဟုလာ၏။ထို့ကြောင့်ကိုယ်တော်သည်ဘုရားသခင်၏သားတော်မှန်လျှင်ဤအထွဋ်မှ ကိုယ်ကိုချလိုက်တော်
မူပါဟုလျှောက်လေ၏။ယေရှုကလည်းသင်၏ဘုရားသခင် ထာဝရဘုရားကိုသင်သည်အစုံအစမ်းမပြုရဟု
ကျမ်းစကားရှိသည်ဟုပြန်ပြောတော်မူ၏။ ရှင်လုကာခရစ်ဝင် ၄း၉-၁၂။

၁၁။ယုံကြည်သောသူတို့၏အဘကားအဘယ်သူနည်း။
ယုံကြည်ခြင်းရှိသောသူသည်အာဗြဟံ၏သားဖြစ်သည်ဟုအမှန်သိမှတ်ကြလော။ ဂလာတိသြ၀ါဒစာ ၃း၇။ 
အရေဖျာလှီးခြင်းကိုမခံဘဲ ယုံကြည်သောသူတို့သည်ဖြောင့်မတ်ခြင်းရှိသည်ဟု မှတ်ထားစရာအကြောင့်ရှိ
စေခြင်းငှါ ငါတို့အဘ အာဗြဟံသည်ထိုသူအပေါင်းတို့၏အဘဖြစ်အံ့သောငှါ၎င်း။ရောမသြ၀ါဒစာ ၄း၁၁။

၁၂။ယုံကြည်ခြင်းအတွက်ကြောင့်အာဗြဟံ၏သားတို့သည်အဘယ်အကျင့်ကိုကျင့်ကြမည်နည်း။
ထိုသူတို့ကလည်း၊အာဗြဟံသည်ငါတို့အဘဖြစ်၏ဟုဆိုကြ၏။ယေရှုကလည်းအာဗြဟံ၏သားမှန်လျှင်
အာဗြဟံ၏အကျင့်ကိုကျင့်ကြလိမ့်မည်။ ရှင်ယောဟန်ခရစ်ဝင်  ၈း၃၉။

၁၃။ အာဗြဟံသည် ဘာကျင့်သနည်း။
အကြောင်းမူကား၊အာဗြဟံသည် ငါ့စကားကိုနားထောင်၍ငါစီရင်မှာထားသော ပညတ်တရားအမျိုးမျိုးတို့ကို
စောင့်ရှောက်သတည်းဟု မိန့်တော်မူ၏။ က မ္ဘာဦးကျမ်း ၂၆း၅။

၁၄။ယုံကြည်ခြင်းသည်ပညတ်တရားကိုပျက်ပါယ်သလော။
ယုံကြည်ခြင်းအားဖြင့် ငါတို့သည်ပညတ်တရားကို ပယ်ကြသလော။အလျှင်းမပယ်၊သာ၍တည်စေကြ၏။
ရောမသြ၀ါဒစာ ၃း၃၁။

၁၅။ယုံကြည်ခြင်းအားဖြင့် ဘာအကျိုးခံစားရမည်နည်း။
ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ထာဝရအသက်ကို
ရစေခြင်းငှါ၊ဘုရားသခင်သည်မိမိ၌ တပါးတည်းသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင် လောကီ
သားတို့ကိုချစ်တော်မူ၏။လောကီသားတို့အားအပြစ်စီရင်ခြင်းငှါ ဘုရားသခင်သည်သားတော်ကိုဤလောက
သို့စေလွှတ်တော်မူသည်မဟုတ်။လောကီသားတို့သည် ကိုယ်တော်အားဖြင့်ကယ်တင်ခြင်းသို့ရောက်မည်
အကြောင်း စေလွှတ်တော်မူ၏။သားတော်ကိုယုံကြည်သောသူသည်အပြစ်စီရင်ခြင်းကိုမခံရ။
ရှင်ယောဟန်ခရစ်ဝင် ၃း၁၆-၁၈။
သားတော်ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ားတော်ကိုပယ်သောသူမူကား အသက်ကို
မတွေ့ရ။ထိုသူ၏အပေါ်၌ဘုရားသခင်၏အမျက်တော်တည်နေသည်ဟုယောဟန်ဟောလေ၏။
ရှင်ယောဟန်ခရစ်ဝင် ၃း၃၆။
ဤလောကသည်ထိုသူတို့နှင့်မထိုက်တန်။သူတို့သည်တောကြိုတောင်ကြား၊ဥမင်မြေတွင်းထဲမှာ အပြောင်း
ပြောင်းအလည်လည် နေရကြ၏။ထိုသူအပေါင်းတို့သည်ယံကြည်ခြင်းအားဖြင့် ချီးမွမ်းခြင်းသို့ရောက်သော်
လည်း ကတိတော်အတိုင်း အကျိုးကျေးဇူးကိုမခံရကြ။အဘယ့်ကြောင့်နည်းဟူမူကား ထိုသူတို့သည် ငါတို့
မပါဘဲ စုံလင်ခြင်းသို့မရောက်ရမည်အကြောင်း ဘုရားသခင်သည်ငါတို့အဘို့အလို့ငှါ သာ၍မြတ်သော ကျေး
ဇူးကိုကြံစည်တော်မူ၏။ ဟေဗြဲသြ၀ါဒစာ ၁၁း၃၈-၄၀။
ယုံကြည်ခြင်းပါလျှက် ပဌနာပြုလျှက် ဆုတောင်းသမျှတို့ကို သင်တို့သည် ရကြလိမ့်မည်ဟုမိန့်တော်မူ၏။
ရှင်မဿဲခရစ်ဝင် ၂၁း၂၂။
ထို့ကြောင့်ငါတို့သည် ယုံကြည်ခြင်း၇ှိ၍ ဖြောင့်မတ်ရာသို့ရောက်လျှင် ၊ငါတို့သခင်ယေရှုခရစ်အားဖြင့်ဘုရား
သခင်ရှေ့တော်၌ ငြီမ်သက်ခြင်းကိုခံစားကြ၏။ရောမသြ၀ါဒစာ ၅း၁။
ဘုရားသခင်သည်ယုံကြည်ခြင်းကိုထောက်၍တပါးအမျိုးသားတို့ကိုဖြောင့်မတ်ရာ၌ တည်စေတော်မူမည်
ဟုကျမ်းစာသည်မျှော်မြင်လျှက် အာဗြဟံအားအမိန့်ရှိ၍၊သင့်အားဖြင့်လူမျိုးအပေါင်းတို့သည်၊ကောင်းချီးမင်္ဂ
လာကိုခံရကြလိမ့်မည်ဟု ဧ၀ံဂေလိတရားကိုဟောလေ၏။ ဂလာတိသြ၀ါဒစာ ၃း၈။
ထို့ကြောင့် ငါတို့သည်ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှါ ပညတ်တရားသည် ခရစ်
တော်ထံသို့ ငါတို့ကိုပို့ဆောင်၍ငါတို့၏အထိန်းဖြစ်သတည်း။ ဂလာတိသြ၀ါဒစာ ၃း၂၄။
ထိုသို့ပြုလျှင် ယုံကြည်ခြင်း၏ပဌနာသည် လူနာကိုကယ်ဆယ်၍၊ဘုရားသခင်သည်သူ့ကိုထမြောက်စေ
တော်မူမည်။သူသည်အပြစ်ပြုမိသော်လည်း ထိုအပြစ်ကိုလွှတ်တော်မူမည်။ရှင်ယာကုတ် သြ၀ါဒစာ ၅း၁၅။
ထိုသခင်ကိုသင်တို့သည် မမြင်ဘူးသော်လည်းချစ်ကြ၏။ယခုမှာလဲ မမြင်ဘဲလျှက် ၊ယုံကြည်သောအားဖြင့်
ဘုန်းအသရေနှင့်စပ်ဆိုင်သော ၊ပြော၍မမှီနိုင်သော ရွှင်လန်းခြင်းစိတ်နှင့်ဝမ်းမြောက်ကြသည်ဖြစ်၍
စိတ်ဝိညာဉ်ကိုကယ်တင်ခြင်းတည်းဟူသော ယုံကြည်ခြင်း၏အကျိုးကိုခံရကြ၏။
ရျင်ပေတရုသြ၀ါဒစာ ပဌမစောင် ၁း၈-၉။
ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းသို့ ရောက်ရ၏။ကိုယ်အလိုအလျှေက်ရောက်
သည်မဟုတ် ။ ဧဖက်သြ၀ါဒစာ ၂း၈။
ဘုရားသခင်၏သားဖြစ်သောသူမည်သည်ကားလောကကိုအောင်တတ်၏။လောကကိုအောင်ခြင်းအကြောင်း
မူကား ငါတို့၏ယုံကြည်ခြင်းပေတည်း။ယေရှုသည်ဘုားသခင်၏သားတော်ဖြစ်သည်ကို ယုံကြည်သောသူ
မှတပါး၊အဘယ်သူသည် လောကကိုအောင်နိုင်သနည်း။ရှင်ယောဟန်ပဌမစာစောင် ၅း၎-၅။
ငါချစ်သောညီအကိုတို့ နားထောင်ကြလော့။လောကတွင်ဆင်းရဲသောသူတို့သည် ယုံကြည်ခြင်းရတနာကို
တတ်စေခြင်းငှါ ဘုရားသခင်ကိုချစ်သောသူတို့အား၊ပေးမည်ဟုဝန်ခံတော်မူသော နိုင်ငံတော်၏အမွေခံဖြစ်
စေခြင်းငှါ ၎င်း၊ထိုသူတို့ကိုရွေးကောက်တော်မူသည်။ ရှင်ယာကုတ်သြ၀ါဒစာ ၂း၅။
ထို့ကြောင့်ကြွင်းသောတပါးအမျိုးသားတို့သည် လျှပ်ပေါ်သောစိတ်နှင့် ကျင့်သည့်နည်းတူ၊သင်တို့သည်
နောက်တဖန်မကျင့်မည်အကြောင်းသခင်ဘုရားအခွင့်နှင့်ငါမှာလိုက်၏။  ဧဖက်သြ၀ါဒစာ ၄း၁၇။ 