သမ္မာကျမ်းစာလေ့လာခြင်း
ယုံကြည်ခြင်းအားဖြင့်ဖြောင့်မတ်ရာသို့ ရောက်ခြင်း
၁။ဖြောင့်မတ်ရာသို့ ရောက်ခြင်းဆိုသောအဓိပ္ပါယ် ကားအဘယ်ကဲ့သို့နည်း။
အဖြေ။ ။အပြစ်သင့်ခြင်းနှင့်ကင်းလွှတ်ခြင်း။
၂။ဘုရားသခင်ရှေ့တော်၌ အပြစ်သင့်ခြင်းခံရသူဘယ်နှစ်ယောက်ရှိသနည်း။ဘယ်အရာအားဖြင့် အပြစ်ထင်
ရှားသနည်း။
ပညတ်တရား၌ပါသမျှသော စကားတို့သည် ပညတ်တရားကိုခံသောသူတို့နှင့်စပ်ဆိုင်သည်ကိုငါတို့သိကြ၏
ထိုသို့ဖြစ်၍လောကီသားအပေါင်းတို့သည်စကားတခွန်းကိုမျှမပြောနိုင်ဘဲ ဘုရားသခင့်ရှေ့တော်၌အပြစ်သင့်
သောသူဖြစ်ကြ၏။ ရောမသြ၀ါဒစာ ၃း၁၉။
ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း။ငါတို့သည်မြတ်သလောဟုမေးပြန်သော်၊အလျှင်းမမြတ်။အကြောင်းမူကား
ယုဒလူ၊ဟေသလလူ၊အပေါင်းတို့သည်အပြစ်ရှိကြောင်းကိုအထက်ကပြခဲ့ပြီ။ရောမသြ၀ါဒစာ ၃း၉။
အဘယ်ကြောင့်နည်းဟူမူကား၊လူအပေါင်းတို့သည်ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြ
ပြီ။ ရောမသြ၀ါဒစာ ၃း၂၃။
၃။လူအပေါင်းတို့သည် အပြစ်၌အဘယ်ကြောင့်ချုပ်ထားသနည်း။
ယခုမူကား ယုံကြည်သောသူတို့သည် ယေရှုခရစ်ကို ယုံကြည်ခြင်းနှင့်စပ်ဆိုင်သော ကတိတော်ကိုရမည်
အကြောင်းကျမ်းစာသည် လူအပေါင်းတို့ကိုအပြစ်၌ ချုပ်ထား၏။ ဂလာတိသြ၀ါဒစာ ၃း၂၂။
၎။လူအပေါင်းတို့အပေါ်သို့ ခရစ်တော်၌ ယုံကြည်ခြင်းအားဖြင့် ဘာရောက်ရှိသနည်း။
ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့်၊ယုံကြည်သောသူအပေါင်းတို့အဘို့ ဖြစ်၍၊ထိုသူအပေါင်းတို့အပေါ်သို့ 
ရောက်သောဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည်ထင်ရှားခဲ့ပြီ။ခြားနားခြင်းအလျှင်းမရှိ၊အဘယ့်ကြောင့်
နည်းဟူမူကား လူအပေါင်းတို့ သည်ဒုစရိုက်ကိုပြု၍ဘုရားသခင်ရှေ့တော်၌အသရေပျက်ကြပြီ။ယေရှုခရစ်
တော်ရွေးနှုတ်တော်မူသောအားဖြင့်အဘိုးကိုမပေးဘဲ ဘုရားသခင်၏ကျေးဇူးတော်ကြောင့်ဖြောင့်မတ်ရာသို့
ရောက်ကြရ၏။ရောမသြ၀ါဒစာ ၃း၂၂-၂၄။
ထို့ကြောင့်ငါတို့သည်ယုံကြည်ခြင်းရှိ၍ဖြောင့်မတ်ရာသို့ရောက်လျှင်၊ငါတို့သခင်ယေရှုခရစ်အားဖြင့်ဘုရားသခင်
ရှေ့တော်၌ငြိမ်သက်ခြင်းကိုခံစားကြ၏။ ရောမသြ၀ါဒစာ ၅း၁။
ထို့ကြောင့်ငါတို့သည်ယုံကြည်ခြင်းအားဖြင့်ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှါ ပညတ်တရားသည်ခရစ်တော်
ထံသို့ငါတို့ကိုပို့ဆောင်၍ငါတို့၏အထိန်းဖြစ်သတည်း။ ဂလာတိသြ၀ါဒစာ ၃း၂၄။
၅။တရားတော်၏အလိုပြည့်စုံစေခြင်းငှါ အကျွန်ုပ်တို့ ၏အပြစ်ကို ဘယ်သူခံသနည်း။
ငါတို့သည်အပြစ်နှင့်ဆိုင်သောအရာ၌အသေဖြစ်၍ ဖြောင့်မတ်ခြင်းအရာ၌အသကရှင်စေမည့်အကြောင်း
ငါတို့အပြစ်များကိုကိုယ်တော်တိုင်သစ်တိုင်မှာခံတော်မူပြီ ဒဏ်ချက်တော်များအားဖြင့်သင်တို့သည်အနာ
ပျောက်လျှက်ရှိကြ၏။ ရှင်ပေတရုသြ၀ါဒစာပဌမစောင် ၂း၂၄။
ဘုရားသခင်သည်ခရစ်တော်အထဲ၌ရှိနေလျှက် ၊လောကီသားတို့၏အပြစ်များကျှိုမှတ်တော်မမူ၊ရန်ကိုငြိမ်းစေ
၍ကိုယ်တော်နှင့်မိတ်သဟာယဖွဲ့ စေတော်မူ၏။ထိုမိတ်သဟာယတရားကိုလည်းငါတို့ ၌အပ်ပေးတော်မူ၏။
ထိုမိဿဟာယဖွဲ့စေတော်မူ၏။ထိုမိဿဟာယတရားကိုလည်း ငါတို့၌အပ်ပေးတော်မူ၏။ထို့ကြောင့်ငါတို့
သည်ခရစ်တော်၏သံတမန်ဖြစ်ကြ၏။သင်တို့သည်ရန်ငြိမ်း၍ ဘုရာဒသခင်နှင့်မိဿဟာယဖွဲ့ကြလော့၊ဟု
ဘုရားသခင်သည်ငါတို့အားဖြင့် နိုးဆော်သွေးဆောင်တော်မူသကဲ့ သို့ ၊ငါတို့သည်ခရစ်တော်၏ကိုယ်စား
ဖြစ်၍သင်တို့ကိုတောင်းပန်သွေးဆောင်ကြ၏။အဘယ်ကြောင့်နည်းဟူမူကား၊ဘုရားသခင်သည်အပြစ်နှင့်
ကင်းစင်သောသူကိုငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။အကြောင်းမူကား၊ငါတို့သည်
ထိုသူအားဖြင့်ဘုရားသခင်ရှေ့တော်၌ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း။ ကောရိ န္တုသြ၀ါဒစာ
ဒုတိယစောင် ၅း၁၉-၂၁။
ငါ့စပျစ်ယျာဉ်၌ ငါကျေးဇူးပြုနိုင်လျှက် မပြုသေးသောအရာတစုံတခုရှိသလော။စပျစ်သီးကို သီးမည်ဟုမြော်
လင့်သည်ရှိသော် ဗောရှသီးကိုအဘယ်ကြောင့်သီးသနည်း။ယခုနားထောင်ကြ။ငါ့စပျစ်ဥယျာဉ်၌ ငါပြုရမည့်
အမှုကိုသင်တို့အားငါဖော်ပြမည်။စောင်ရန်းကိုငါပယ်ရှင်းသဖြင့်၊သူတပါးတို့သည်ကျော်နင်းကြလိမ့်မည်။
ဥယျာဉ်ကိုငါရှင်းရှင်း ဖျက်ဆီးမည်။အဘယ်သူမျှမပြင်ဆင်ရ။အဘယ်သူမျှမတူးဆွရ။ဆူးပင်အမျိုးမျိုးပေါက်
ကြလိမ့်မည်။ထို ဥယျာဉ်အပေါ်မှာလဲမိုဃ်းမရွာစေခြင်းငှါငါပညတ်မည်။ဟေရှာယအနာဂတ္တိကျမ်း၅း၎-၆။
ထိုသခင်သည်ငါတို့အဘတည်းဟူသော ဘုရားသခင်၏အလိုတော်နှင့်အညီဆိုးညစ်သောဤပစ္စုပ္ပန်ဘ၀မှ
ငါတို့ကိုကယ်နှုတ်ခြင်းငှါ ၊ငါတို့အပြစ်ကြောင့်ကိုယ့်ကိုကိုယ်အပ်ပေးတော်မူ၏။ ဂလာတိသြ၀ါဒစာ ၁း၎။
၆။ကိုယ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် ကျွန်ုပ် တို့ ထံသို့ ဘာကျေးဇူးအခွင့်ရောက်လာသနည်း။
ထို့ကြောင့်တယောက်သောသူ၏ပြစ်မှားခြင်းအားဖြင့်လူအပေါင်းတို့သဘ်အပြစ်စီရင်ခြင်းနှင့်တွေ့ ကြုံရသည့်
နည်းတူ၊တယောက်သောသူ၏ဖြောင့်မတ်ခြင်းအားဖြင့် လူအပေါင်းတို့သည်အသက်နှင့်ယှဉ်သောဖြောင့်
မတ်ရာသို့ ရောက်ရှိခြင်းအခွင့်ကိုရကြ၏။အကြောင်းမူကား၊တယောက်သောသူသည်နားမထောင်သော
အားဖြင့်လူများတို့သည်အပြစ်ရောက်သည့်နည်းတူ၊တယောက်သောသူသည်နားထောင်သောအားဖြင့်
လူများတို့သည်ဖြောင့်မတ်ရာသို့ ရောက်ကြရ၏။ ရောမသြ၀ါဒစာ ၅း၁၈-၁၉။
အကြောင်းမူကား ဒုက္ခဆင်းရဲခြင်းသည်သည်းခံခြင်းကိုပြုစုတတ်၏။သည်းခံခြင်းသည်လည်းသက်သေ
ထင်ရှားခြင်းကိုပြုစုတတ်၏။သက်သေထင်ရှားခြင်းသည်လည်းမြော်လင့်ခြင်းကိုပြုစုတတ်၏။ရောမသြ၀ါဒ
စာ ၅း၎။
၇။ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်အပေါ်သို့ ကျွန်ုပ်တို့ အပြစ်များကိုတင်ထား၍ ကျွန်ုပ်တို့ အပေါ်သို့ 
ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို တင်ထားသောကြောင့် ကိုယ်တော်သည် ဘယ်နာမတော်ကိုခံရသနည်း။
ထိုမင်းလက်ထက်၌ ယုဒပြည်သည်ကယ်တင်ခြင်းသို့ ရောက်၍၊ဣသရေလပြည်လည်းငြိမ်ဝပ်စွာနေရလိမ့်
မည်။ထိုမင်းသည် ယေဟောဝါဇေဒကနု ဟူသောဘွဲ့ နာမရှိလိမ့်သတည်း။ ယေရမိအနာဂတ္တိကျမ်း ၂၃း၆။
ယေဟောဝါဇေဒကနုအဓိပ္ပါယ်မှာ- ကျွန်ုပ်တို့ ၏ဖြောင့်မတ်ခြင်းဖြစ်တော်မူသောထာဝရဘုရား။
၈။ယုံကြည်ခြင်းအားဖြင့် ခ၇စ်တော်၏ဖြောင့်မတ်ခြင်းသည်အဘယ်အပြစ်မျိုးကိုသာ မမှတ်သနည်း။
ဘုရားသခင်သည် သည်းခံတော်မူ၍ -လွန်ခဲ့ပြီးသော ဒုစရိုက်အပြစ်များကို မှတ်တော်မမူရာတွင်ဖြောင့်
မတ်ခြင်းတရားတော်ကို ထင်ရှားစေခြင်းငှါ၎င်း၊ယခုကာလ၌ဖြောင့်မတ်ခြင်းတရားတော်ကိုထင်ရှားစေ၍
၊ယေရှုကိုယုံကြည်သောသူတို့ ၏အပြစ်ကိုလွှတ်တော်မူသော်လည်း၊တရားသဖြင့်ပြုတော်မူခြင်းငှါသော်၎င်း
၊ယေရှုခရစ်တော်၏အသွေးတော်ကိုယုံကြည်ခြင်းအားဖြင့် ၊ထိုခရစ်တော်ကိုအပြစ်ဖြေစရာအကြောင်းဖြစ်
စေခြင်းငှါခန့်ထားတော်မူပြီ။ ရောမသြ၀ါဒစာ ၃း၂၆ ။
မှတ်ချက်။ လွန်ခဲ့ပြီးသောအပြစ်များကိုသာ ဖြေလွှတ်တော်မူ၏။နောင်အပြစ်များကို ထပ်မံပြုလုပ်ဖို့ရန်
အခွင့်မပေး။လူအပေါင်းတို့သည်စုံလင်ခြင်းရှိဖို့ ရန် ကိုယ်တော်သည်အလိုတော်ရှိ၏။
ထို့ ကြောင့်ကောင်းကင်ဘုံ၌ ရှိတော်မူသောသင်တို့ အဘသည်စုံလင်တော်မူသည့်နည်းတူသင်တို့သည်
လည်းစုံလင်ခြင်းရှိကြလော့။ ရှင်မဿဲခရစ်ဝင် ၅း၄၈။
ရှမွေလကလည်းထာဝရဘုရား၏အမိန့်တော်ကိုနားထောင်ခြင်း၌အားရတော်မူသကဲ့သို့ ၊မီးရှို့ ရာယဇ် အစ
ရှိသောယဇ်မျိုးတို့ကိုပူဇော်ခြင်း၌ အားရတော်မူမည်လော။အလိုတော်သို့လိုက်ခြင်းသည်ယဇ်မျိုးထက်သာ၍
ကောင်း၏။နားထောင်ခြင်းသည် သိုးထီး ဆီဥထက်သာ၍ကောင်း၏။ ဓမ္မရာဇ၀င် ပဌမစောင် ၁၅း၂၂။
ထိုသခင်မှတပါးအခြားသောဘုရားသခင်မရှိ။ထိုဘုရားသခင်ကိုစိတ်နှလုံးအကြွင်းမဲ့ ၊ဥာဏ်ရှိသမျှ၊အစွမ်းသတ္တိ
ရှိသမျှနှင့်ချစ်ခြင်း၊ကိုယ်နှင့်စပ်ဆိုင်သောသူကိုလည်းကိုယ်နှင့်အမျှချစ်ခြင်းအကျင့်သည် မီးရှို့ သောယဇ်
ကောင်မှစ၍ယဇ်အမျိုးမျိုးတို့ ကိုပူဇော်ခြင်းအကျင့်ထက်သာ၍မြတ်ပါသည်ဟုလျှောက်လေ၏။ရှင်မာကု
ခရစ်ဝင် ၁၂း၃၃။
ချစ်သားတို့ သင်တို့ သည်ဒုစရိုက်ကိုမပြုစေခြင်းငှါ၊ဤအရာများကိုသင်တို့ အားငါရေး၍ပေးလိုက်၏။တစုံ
တယောက်သောသူသည်ဒုစရိုက်ကိုပြုမိလျှင်ဖြောင့်မတ်စေတော်မူသောအရှင်ယေရှုခရစ်တည်းဟူသော
ငါတို့ အမှုဆောင်သခင်သည်ခမည်းတော်ထံ၌ ရှိတော်မူ၏။ထိုသခင်သည်ငါတို့ ၏အပြစ်မကလောကီသား
အပေါင်းတို့ ၏အပြစ်ဖြေစရာအကြောင်းဖ်ြတော်မူ၏။ရှင်ယောဟန်သြ၀ါဒစာ ပဌမစောင် ၂း၁-၂။
၉။အကျိုးဖြစ်ဖို့ရန်ယုံကြည်ခြင်းနှင့်ဘာတွဲရမည်နည်း။
ထိုနည်းတူ အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် တပါးတည်းရှိသောကြောင့် အသေဖြစ်၏။
ရှင်ယာကုတ် သြ၀ါဒစာ ၂း၁၇။
၁၀။အပြစ်လွှတ်ဖို့ ရန် ယုံကြည်ခြင်းနှင့် ဘာတွဲရမည်နည်း။
ကိုယ့်အပြစ်တို့ ကိုဖော်ပြတောင်းပန်လျှင် ငါတို့ အပြစ်များကိုလွှတ်၍ အပြစ်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ
ဘုရားသခင်သည်သစ္စာတရားနှင့်၎င်း၊ဖြောင့်မတ်ခြင်းတရားနှင့်၎င်း၊ပြည့်စုံတော်မူ၏။ရှင်ယောဟန်သြ၀ါဒ
စာ ပဌမစောင် ၁း၉။
ထို့ ကြောင့် ထာဝရဘုရားထံတော်မှ ချမ်းအေးသောအချိန်ကာလသည်ရောက်လာ၍၊သင်တို့ အဖို့ အလို့ ငှါ
ခန့်ထားတော်မူနှင့်သောယေရှုခရစ်ကိုစေလွှတ်တော်မူမည့်အကြောင်း၊သင်တို့ အပြစ်များကိုပြေစေခြင်းငှါ
နောင်တရ၍၊စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော.။ တမန်တော်ဝထ္ထု ၃း၁၉-၂၀။
မှတ်ချက်။ သို့ ဖြစ်၍၊အိုဣသရေလအမျိုး၊သင်တို့ အသီးသီးကျင့်ကြသည့်အတိုင်းအကျိုးအပြစ်ကိုငါစီရင်မည်
သင်တို့ သည်အဓမ္မအမှု၊ရှိသမျှတို့ ကိုစွန့်ပြစ်၍ပြောင်လဲကြလော့။ပြောင်းလကြလော့။ဒုစရိုက်အပြစ်ကြောင့်
ထိမိ၍ဆုံမခြင်းသို့ မရောက်ကြနှင့်။ သင်တို့ သည်ပြုသမျှသောလွန်ကြူးခြင်းအမှုတို့ ကိုစွန့် ပြစ်၍၊အသစ်
သောနှလုံး၊အသစ်သောစိတ်သဘောကိုပြင်ဆင်ကြလော့။ယေဇကျေလအနာဂတ္တိကျမ်း ၁၈း၃၀-၃၁။
လူမည်သည်ကား၊ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တ၀ါဖြစ်၏။ဟောင်းသောအရာတို့ သည်
ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့ သည် အသစ်ဖြစ်ကြပြီ။ကောရိ န္တုသြ၀ါဒစာ ဒုတိယစောင် ၅း၁၇။
ဘုရားသခင်သည်ဖြောင့်မတ်တော်မူသည်ကို သင်တို့ သိလျှင်၊ဖြောင်မတ်ခြင်းတရားကို ကျင့်သောသူ
မည်သည်ကား၊ဘုရားသခင်ဖြစ် ဘွားစေတော်မူသောသူဖြစ်သည်ဟုသိကြရ၏။ ရှင်ယောဟန်သြ၀ါဒစာ
ပဌမစောင် ၂း၂၉။
၁၁။တရားတော်ကိုစောင့်ရှောက်အပ်သောအမိန့်တော်မှယုံကြည်ခြင်းတရားသည် ကျွန်ုပ်တို့ ကိုလွှတ်ကင်း
စေသလော။
သို့ ဖြစ်လျှင်ယုံကြည်ခြင်းအားဖြင့်ငါတို့ သည်ပညတ်တရားကို ပယ်ကြသလော။အလျှင်းမပယ်၊သာ၍တည်
စေကြ၏ ။ရောမသြ၀ါဒစာ ၃း၃၁။
မှတ်ချက်။ ယုံကြည်ခြင်းသည် ပညတ်တော်၏အပြစ်အလျှောက် စီရင်ခြင်းမှသာလွှတ်၏။ကျွန်ုပ်တို့ ကို
ပညတ်တရားလက်မှယူ၍ကျေးဇူးတရားလက်သို့ ပို့ ဆောင်သည်။
၁၂။ပညတ်တရားလက်၌မရှိ၊ကျေးဇူးတရားလက်၌ရှိသောကြောင့်ကျွန်ုပ်တို့ သည် အပြစ်ကိုပြုရမည်လော။
ထိုသို့ ဖြစ်၍အဘယ်သို့ နည်း။ငါတို့ သည် ပညတ်တရားလက်၌မရှိ၊ကျေးဇူးတရားလက်၌ရှိသောကြောင့်
ဒုစရိုက်ကိုပြုရမည်လော။ထိုသို့ မပြုရ။ ရောမသြ၀ါဒစာ ၆း၁၅။
ကိုယ်အင်္ဂါများကိုလည်း၊သုစရိုက်လက်နက်ဖြစ်စေ၍ဘုရားသခင်အားဆက်ကြလော့။သင်တို့ သည်ပညတ်
တရားလက်၌မရှိ၊ကျေးဇူးတရားလက်၌ရှိသောကြောင့်အပြစ်ရားသည် သင်တို့ ကိုမအုပ်စိုးရ။ရောမသြ၀ါဒ
စာ ၆း၁၄။
၁၃။ကျေးဇူးတော်ပွါးများစေခြင်းငှါ အပြစ်ကိုပြုကျင့်၍နေရမည်လော။
ထိုသို့ မနေရ။အပြစ်တရားမှ စုတေသောသူတို့ သည် ထိုတရား၌ အဘယ်သို့ ရှင်ရဥိးမည်နည်း။
ရောမသြ၀ါဒစာ ၆း၂။
၁၄။ ဖြောင့်မတ်သောသူတို့ သည် အဘယ်ကဲ့ သို့ အသက်ရှင်ရမည်နည်း။
ဖြောင့်မတ်သောသူသည်ယုံကြည်ခြင်းအားဖြင့်အသက်ရှင်လိမ့်မည်။သို့ သော်လည်းရွေ့ လျော့ လျှင်ငါ့စိတ်
ဝိညာဉ်သည် ထိုသူကိုအားရနှစ်သက်ခြင်းမရှိဟုဘုရားသခင်မိန့် တော်မူ၏။ဟေဗြဲသြ၀ါဒစာ ၁၀း၃၈။
၁၅။သခင်ယေရှုခရစ်၏ ယုံကြည်ခြင်းနှင့်အတူ ဘာတွဲရမည်နည်း။
ဘုရားသခင်၏ပညတ်တော်တို့ ကိုလည်းကောင်း၊ယေရှု၏ယုံကြည်ခြင်းကိုလည်းကောင်း စောင့်ရှောက်
သော သန့် ရှင်းသောသူတို့ သည် ဤအရာ၌ သည်းခံစရာအကြောင်းရှိ၏။ ဗျာဒိတ်ကျမ်း ၁၄း၁၂။