My Blog List

Thursday, August 25, 2016


                                မိလေနိ ကပ်ကာလ 

မိလေနိဆိုသော်၊လက်တင်ပါဠိ ဘာသာစကားဖြင့် နှစ်ပေါင်း ၁၀၀၀။ကျွန်ုပ်တို့ ညွှန်ပြသောသီးသန့်ထား
သည့်နှစ်ပေါင်း၁၀၀၀ သည် မာနတ်ကိုခြည်နှောင်ထားသော ကာလကိုဆိုလိုသည်။၎င်းကာလသည်ထင်ရှား
သောအကြောင်းအရာ နှစ်ပါးအားဖြင့်အခြားကာလများနှင့် အခြားကာလများနှင့် သီးသန့်ခွဲခြားလေသည်။
ဒုတိယကြွလာတော်မူခြင်း၌ ဖြောင့်မတ်သောသူတို့ သေခြင်းမှထမြောက်ခြင်းသည် ထိုကာလာ၏အစဖြစ်
သတည်း။မတရားသောသူတို့၏ထမြောက်ရှင်ပြန်ခြင်း တရားစီရင်ဆုံးဖြတ်ခြင်းကိုခံခြင်း ၊၎င်းနောက်မီးအိုင်
ထဲ၌သေကြေပျက်စီးခြင်းတို့သည်ထိုကာလ၏အဆုံးဖြစ်သတည်း။

၁။ သေခြင်းမှထမြောက်ရှင်ပြန်ခြင်းဘယ်နှစ်မျိုးရှိသနည်း။
ဤအမှုအရာကို အံ့သြခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာ ရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကို ကြား၍၊ထွက်ရမည့်အချိန်ကာလ ရောက်လတံ့။ ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်
ရာထမြောက် ခြင်းသို့၎င်း၊ ဆိုးယုတ်သော အကျင့်ကို ကျင့်သောသူတို့သည် အပြစ်စီရင်ရာထမြောက်ခြင်း
သို့၎င်း ထွက်ရကြလတံ့။ရှင်ယောဟန်ခရစ်ဝင် ၅း၂၈-၂၉။
ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှ ထမြောက်ကြလိမ့်မည်ဟူ၍၊သူတို့
့မြော်လင့်သည်နည်းတူ၊ အကျွန်ုပ်လည်း ဘုရားသခင်ကို အမှီပြု၍ မြော်လင့်ပါ၏။ တမန်တော်ဝတ္ထု၂၄း၁၅။

၂။ ပထမထမြောက်ခြင်း၌ ဘယ်လူစားမျိုး သာ ၀င်စားရမည်နည်း။
ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှ ထမြောက်ကြလိမ့်မည်ဟူ၍၊သူတို
့မြော်လင့်သည်နည်းတူ၊ အကျွန်ုပ်လည်း ဘုရားသခင်ကို အမှီပြု၍ မြော်လင့်ပါ၏။ ဗျာဒိတ်ကျမ်း ၂၀း၆။
သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံ ပေးခြင်း၊ ဘုရားသခင်၏ တန်ပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍၊ ခရစ် တော်၌ သေလွန်သောသူတို့
သည် အဦးထမြောက်ကြလိမ့်မည်။သက်သာလောနိတ်သြ၀ါဒစာပဌမစောင် ၄း၁၆။
မှတ်ချက်။  ။ ဤထမြောက်ရှင်ပြန်ခြင်းသည်ဒုတိယကြွလာတော်မူသောအခါဖြစ်သည်။

၃။ ၎င်းနှစ်ပေါင်း၁၀၀၀ အတွင်းတွင် ဤလူစုတို့ သည် ဘယ်ကဲ့သို့ ထူးခြားသောဘုန်းကို ခံစားစံစားရမည်
နည်း။
သူတို့သည် အသက်ရှင်၍ အနှစ်တထောင်ပတ်လုံး ခရစ်တော် နှင့်အတူ စိုးစံရကြ၏။  ဗျာဒိတ်ကျမ်း ၂၀း၎။

၎။ ကြွင်းသောလူသေတို့ တည်းဟူသော မတရားသောသူတို့ ကိုဘယ်သောအခါ၌ ထမြောက်ရှင်ပြန်စေ
မည်နည်း။
ကြွင်းသောလူသေတို့သည် ထိုအနှစ် တထောင်မကုန်မီ အသက်မရှင်ရကြ။ ဗျာဒိတ်ကျမ်း ၂၀း၅။

                    ဖြောင့်မတ်သောသူတို့ ကို ကောင်းကင်သို့ ဆောင်ယူတော်မူခြင်း

 ၅။ ခရစ်တော်ကြွလာတော်မူသောအခါ ဖြောင့်မတ်သောသူတို့ သည် ဘာဖြစ်ကြမည်နည်း။


  

Tuesday, August 16, 2016

             ကြွလာတော်မူခြင်း၏ နိမိတ်လက္ခဏာများအကြောင်း
                            ကြွလာတော်မူခြင်း၏ နိတ်လက္ခဏာများအကြောင်း
၁။နောက်ဆုံးသောနေ့ များ၌ အဘယ်သူ၏တန်ခိုးအထူးထင်ရှားမည်နည်း။
နိမိတ်လက္ခဏာတို့ကိုပြသော နတ်ဆိုး၏ဝိညာဉ် ဖြစ်သတည်း။ ထိုဝိညာဉ်တို့သည်  လောကီတနိုင်ငံလုံး
တွင် ရှိသောရှင်ဘုရင်တို့ထံသို့ ထွက်သွား၍၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ နေ့ကြီး၌ စစ်တိုက်ခြင်းအလိုငှါ စုဝေးကြ၏။ဗျာဒိတ်ကျမ်း ၁၆း၁၄။
၂။မာရ်နတ် ၏တန်ခိုးအဘယ်မျှ လောက် ကြီးမည်နည်း။၎င်း ပြင် ဘာအကျိုး ရှိမည်နည်း။နိမိတ်လက္ခဏာ
တို့ကိုပြသော နတ်ဆိုး၏ဝိညာဉ် ဖြစ်သတည်း။ထိုဝိညာဉ်တို့သည် လောကီတနိုင်ငံလုံးတွင်ရှိသောရှင်ဘုရင်
တို့ထံသို့ ထွက်သွား၍၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ နေ့ကြီး၌ စစ်တိုက်ခြင်းအလိုငှါ စုဝေးကြ၏။သက်သာလောနိတ်သြ၀ါဒစာ ဒုတိယစောင် ၂း ၉-၁၂။
ကြီးစွာသော နိမိတ်လက္ခဏာတို့ကိုလည်း ပြ၏။ လူတို့မျက်မှောက်၌ ကောင်းကင်က မြေကြီးအပေါ်သို့မီး
ကိုဆင်းစေ၏။ပထမသားရဲရှေ့၌ ပြပိုင်သောနိမိတ် လက္ခဏာတို့အားဖြင့် မြေကြီးသားတို့ကို လှည့်ဖြား၏။ ထားနှင့်ခုတ်သောဒဏ်ချက်ကို ခံရ၍ အသက်ရှင် သေးသောသားရဲ၏ ရုပ်တုကိုလုပ်စေခြင်းငှါ မြေကြီး သားတို့ကိုမှာထား၏။ ဗျာဒိတ်ကျမ်း ၁၃း၁၃-၁၄။
ဝိညာဉ်တော်သည် အတည့်အလင်းဗျာဒိတ်ထားတော်မူသည်ကား၊ နောင်ကာလ၌ သြတ္တပ္ပစိတ်တွင်
သံပူနှင့်ခတ်ခြင်းကို ခံပြီးလျှင်၊ မုသာစကားကို ပြောတတ်သောသူတို့၏ လျှို့ဝှက်ခြင်းအားဖြင့်၊လူအချို့တို့
သည်ယုံကြည်ခြင်းကိုစွန့်ပယ်၍၊ လှည့်ဖြားတတ်သော စိတ်ဝိညာဉ်တို့၌င်း၊ နတ်ဘုရားတို့နှင့်စပ်ဆိုင်သော သြဝါဒတို့၌၎င်း မှီဝဲဆည်းကပ်ကြလိမ့်မည်။ တိမောသေသြ၀ါဒစာပဌမစောင် ၄း၁-၂။
၃။ယခုဖြစ်သောလူမျိုးတဆက်၌ ပုရောဖက်ဒံယေလ ဟောထားသော  အသိပညာတိုးပွားခြင်း
အဘယ်အထူးအနာဂတ် ပြည့်စုံခြင်းသို့ ရောက်သနည်း။အမှုကုန်ရသည်ကာလတိုင်အောင်၊ဤစကားတော်တို့
ကိုပိတ်၍စာစောင်ကိုတံဆိပ်ခတ်ထားလော့။အများသောသူတို့သည်ထိုစာကိုကြည့်ရှုသောအားဖြင့်ပညာတိုးပွါးလိမ့်
မည်ဟု ပြောဆို၏။ ဒံယေလအနာဂတ္တိကျမ်း ၁၂း၎။
မှတ်ချက် ။  ။ ယခုကာလတွင် သမ္မာကျမ်းစာသိမြင်ခြင်း၊ရှာဖွေစူးစမ်းခြင်း၊တိုးပွားများပြားလာသောကြောင့်
ဤအနာဂတ်စကားတိုက်ဆိုင်ပြည့်စုံခြင်းသို့ရောက်လေ၏။စာပေးစာယူ၊ကြေးနန်း၊နန်းကြိုးမဲ့ ကြေးနန်း၊စကား
ပြောကြေးနန်း ၊စာပုံနှိပ်စက် ၊၊အပ်ချုပ်စက် ၊စကားပြောစက်မှစ၍ အခြားထူးဆန်းသောအရာများ တို့ သည်
လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ လောက်က အဘယ်သူမျှ တွေးဆစိတ်ကူးမရသော်လည်း ယခုကာလ၌ ထိုအရာတို့သည်အများမအပြားရှိ၍ ရိုးကုန်ကြလေပြီ။ ဤ အကြောင်းအရာတို့သည် အမှုကုန်သည့်ကာလ၌
ပညာတိုးပွားလိမ့်မည်ဟူသော အနာဂတ်စကားသည် အံ့သြစွာ ပြည့်စုံလေပြီ။ မီးသင်္ဘော မော်တော်ကား
လေယာဉ်ပျံ ရထား စက်ဘီး မီးရထား၊ ဓါတ်ရထားများတို့သည် အများသောသူတို့ကို အသွားအလာပြုကြ
လိမ့်မည်။အမှုကုန်ရသည်ကာလတိုင်အောင်၊ဤစကားတော်တို့ကိုပိတ်၍စာစောင်ကိုတံဆိပ်ခတ်ထားလော့။
အများသောသူတို့သည် ထိုစာကိုကြည့်ရှုသောအားဖြင့် ပညာတိုးပွါးလိမ့်မည်ဟု ပြောဆို၏။
ဒံယေလအနာဂတ္တိကျမ်း ၁၂း၎။   တစ်ကမ္ဘာလုံး ဧ၀ံဂေလိတရားဟောခြင်း
၎။ယေရှုသည် မိမိဒုတိယအကြိမ် ကြွလာခြင်း အကြောင်းနှင့်ပါတ်သပ်၍ အဘယ်အရေးကြီးဆုံးသော
လက္ခဏာတခုကိုပေးထားသနည်း။
လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လောကီနိုင်ငံ
အရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတံ့။  ရှင်မဿဲ ခရစ်ဝင် ၂၄း၁၄။
မှတ်ချက်။ ရေးထားခဲ့ပြီးသောအထက်ပါစာပိုဒ်တွင် ပြောဆိုသောအတတ်ပညာတို့သည်အလွန်ပင်စုံလင်ပြည့်
စုံသောကြောင့်ဤကမ္ဘာမြေကြီးပေါ်၌ရှိသောသူတို့ကိုလူမျိုးတဆက်မကုန်မှီဧ၀ံဂေလီတရားပေးရန်သင့်လျှော်
စွာတူညီကြသည်။နှစ်ပေါင်းတရာလောက်ကဧ၀ံဂေလိတရားဟောရန်အခွင့်မပေးသောသာသနာပနိုင်ငံတို့
သည်ယခုအခါအခွင့်ပေးကြသည်။ခရစ်ယာန်အသင်းအမျိုးမျိုးတို့က ငွေအမြောက်အများအကုန်အကျခံပြီးလျှင်
အတိုင်းတိုင်အပြည်ပြည်သို့လူပေါင်းများစွာသာသနာရေးနှင့်ပါတ်သပ်၍ စေလွတ်ကြသည်။သမ္မာကျမ်းစာကို
ပုံနှိပ်ထုတ်ဝေသော အသင်းများတို့သည်ဘုရားသခင်၏ နှုတ်ကပါတ်တရားတော်ကိုဘာသာအမျိုးမျိုးတို့ ဖြင့်
အနက်ကိုပြန်၍ဧ၀ံဂေလိတရားတော် ပျံ့နှံ့ လေအောင် ကူညီလေသည်။ဤအကြောင်းအရာတို့ အားဖြင့်
ကျွန်ုပ်တို့ ကယ်တင်တော်မူသောအရှင်၏အနာဂတ်စကားတော်များပြည့်စုံကြောင်းအလွယ်တကူသိမြင်နိုင်
သည်။ရာဇ၀တ်ပြစ်မှုအလွန်များပြားခြင်း။
၅။ကိုယ်တော်သည်ကြွလာတော်မူသောအခါ ဤကမ္ဘာပေါ်တွင် အဘယ်ကဲ့သိုသော့ အခြေအနေဖြစ်လိမ့်
မည်ကို မိန်တော့်မူသနည်း။
  နောဧလက်ထက်၌ ဖြစ်သကဲ့သို့လူသားလက်ထက်၌ ဖြစ်လိမ့်မည်။ နောဧသည်သင်္ဘောထဲသို့ဝင်၍၊ရေလွှမ်း
မိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကိုသုတ်သင်ပယ်ရှင်းသည်နေ့တိုင်အောင်လူများတို့သည်စားသောက်လျက်၊
ထိမ်းမြားစုံဘက်လျက်နေကြ၏။ထိုနည်းတူ၊ လောတလက်ထက်၌လူများတို့သည်စားသောက်ရောင်းဝယ်လျက်၊
စိုက်ပျိုးလျက်၊အိမ်ဆောက်လျက် နေသကဲ့သို့၎င်း၊ လောတသည် သောဒုံမြို့မှထွက်သောနေ့၌ ကောင်းကင်မှ 
ကန့်နှင့်ရောသောမီးမိုဃ်းရွာ၍ထိုလူအပေါင်းတို့ကိုသုတ်သင်ပယ်ရှင်းသကဲ့သို့၎င်း၊လူသား ပေါ်ထွန်းသောနေ့၌
 ဖြစ်လိမ့်မည်။ရှင်လုကာခရစ်ဝင် ၁၇း၂၆-၃၀။
ထိုကာလ၌ မြေကြီးပေါ်မှာကိုယ်ကြီးမားသောသူအချို့ရှိကြ၏။ထိုနောက်၌လည်း၊ဘုရားသခင်၏သားတို့သည်၊
လူသမီးတို့နှင့်ဆက်ဆံ၍ရသောသားတို့သည်၊အားကြီးသောသူ၊ ရှေးကာလမှစ၍၊ ကျော်စောသောသူ ဖြစ်ကြ
၏။မြေကြီးပေါ်မှာ လူအပြစ်ကြီး၍၊သူ၏စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည်အစဉ်မပြတ်ဆိုးညစ်ခြင်းသက်
သက်ရှိကြောင်းကို၊ဘုရားသခင်သိမြင်တော်မူလျှင်၊မြေကြီးပေါ်မှာလူကိုဖန်ဆင်းတော်မူသည်ကို နောင်တရ၍၊ နှလုံးတော် ပူပန်လျက်ရှိတော်မူ၏။ထာဝရဘုရားကလည်း၊ငါဖန်ဆင်းသောလူကို၎င်း၊လူမှစ၍သားများ၊တွားတတ်သော တိရစ္ဆာန်များ၊မိုဃ်းကောင်းကင် ငှက်များတို့ကို၎င်း မြေကြီးမျက်နှာမှ ငါသုတ်သင်ပယ်ရှင်းမည်။ သူတို့ကို
ဖန်ဆင်းသောကြောင့်ငါနောင်တရသည်ဟုမိန့်တော်မူ၏။နောဧမူကား၊ထာဝရဘုရားစိတ်တော်နှင့်တွေ့သော
သူဖြစ်သတည်း။နောဧအတ္ထုပ္ပတ္တိဟူမူကား၊နောဧသည်ဖြောင့်မတ်သောသူ၊မိမိအမျိုး၌စုံလင်သောသူဖြစ်၏။
ဘုရားသခင် နှင့်အတူသွားလာ၏။နောဧသည် ရှေမ၊ဟာမ၊ယာဖက်တည်းဟူသောသားသုံးယောက်ကို မြင်
လေ၏။ထိုအခါ မြေကြီးသည်၊ဘုရားသခင့်ရှေ့မှာပုတ်စပ်လျက်ရှိ၏။ မြေကြီးသည်အဓမ္မအမှုနှင့် ပြည့်စုံလေ၏။
ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောအခါ၊ ပုတ်စပ်လျက်ရှိသည်ကို  မြင်တော်မူ၏။အကြောင်းမူကား၊
မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖောက်ပြန်ခြင်းသို့ ရောက်ကြပြီ။ကမ္ဘာဦးကျမ်း ၆း၎-၁၂။
၆။ကျွန်ုပ်တို့သည်အဆုံးသို့ နီးသောအခါဤအခြေအနေများတို့ သည်တိုး၍ ကောင်းလာကြလိမ့်မည်လော။
နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်မည်ဟုသိမှတ်လော့။အဘယ်သို့နည်းဟူမူကား၊လူတို့သည်ကိုယ်
ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊သူ့အသရေ
ကိုရှုတ်ချသောသူ၊မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊သန့်ရှင်းခြင်းမရှိသောသူ၊ပကတိကြင်
နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ကိုယ်ဣနြေ္ဒကိုမချုပ်တည်းနိုင်သောသူ၊
 ပြင်းထန်သောသူ၊သူတော်ကောင်းကိုမုန်းသောသူ၊သစ္စာကိုဖျက်တတ်သောသူ၊သတိပေးခြင်းကိုမခံသောသူ၊
မာန်မာနနှင့်ယစ်မူးသောသူ၊ဘုရားသခင်ကို နှစ်သက်သည်ထက်ကာမဂုဏ်ခံစားခြင်းကိုသာ၍ နှစ်သက်သော
သူဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍၊ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ထိုသူတို့
ကိုရှောင်လော့။ဒုစရိုက်အပြစ်ဝန်ကိုထမ်းရွက်၍၊အထူးထူးအပြားပြားသော လောဘကိလေသာသွေး ဆောင်
ရာသို့လိုက်၍၊အစဉ်သင်သော်လည်း၊သမ္မာတရားကို လေ့ကျက်ခြင်းသို့အလျှင်းမရောက်နိုင်သောမိန်းမမိုက်တို့
ကို၊ အိမ်ထဲသို့ဝင်၍ဘမ်းသွားသောသူတို့သည်ထိုသူတို့အဝင် ဖြစ်ကြ၏။ယန္နေနှင့်ယံဗြေသည်မောရှေကိုဆီး
တားသကဲ့သို့၊ထိုသူတို့သည် သမ္မာတရားကိုဆီးတားကြ၏။စိတ်နှလုံးယိုယွင်း၍ယုံကြည်ယောင်ဆောင်သော
သူဖြစ်ကြ၏။ထိုသူနှစ်ယောက်တို့၏ မိုက်မဲခြင်းသည် လူအပေါင်းတို့ရှေ့မှာထင်ရှားသကဲ့သို့၊ဤသူတို့၏မိုက်
မဲခြင်းသည်လည်းထင်ရှားလိမ့်မည်။ သို့ဖြစ်၍ သူတို့သည် တိုး၍မလွန်မသွားရကြ။ငါဆုံးမသြဝါဒပေးခြင်း၊
အကျင့်ကျင့်ခြင်း၊ ကြံစည်ခြင်း၊ သစ္စာစောင့်ခြင်း၊ စိတ်ရှည်ခြင်း၊ချစ်ခြင်း၊သည်းခံခြင်းတို့ကို၎င်း၊အန္တိအုတ်မြို့၊
ဣကောနိမြို့၊လုတ္တရမြို့တို့၌ငါခံရသကဲ့သို့၊အရပ်ရပ်တို့၌ခံရသောညှဉ်းဆဲခြင်း၊ဆင်းရဲခြင်းတို့ကို၎င်း၊သင်သည်
ရှာဖွေနားလည်ရပြီ။ထိုသို့သောအမှုတို့ကိုငါတွေ့ရသော်လည်း၊ တွေ့သမျှတို့မှသခင်ဘုရားသည်ငါ့ကိုကယ်နှုတ်
တော်မူပြီ။ယေရှုခရစ် ၏တရားတော်နှင့်အညီ၊ဘုရားဝတ်၌မွေ့လျော်၍နေခြင်းငှါအလိုရှိသောသူအပေါင်းတို့
သည်ညှဉ်းဆဲခြင်းကိုခံရကြလိမ့်မည်။ဆိုးညစ်သောသူ၊လှည့်ဖြားသောသူတို့မူကား၊သူတပါးကို၎င်း၊ကိုယ်ကို၎င်း
လှည့်ဖြား၍ဆိုးညစ်ခြင်း၌တရွေ့ရွေ့တိုးပွါးကြလိမ့်မည်။သင်သည်အဘယ်သူထံ၌နည်းခံခဲ့ပြီးသည်ကို၎င်း၊ယေ
ရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့်ကယ်တင်ခြင်းအလိုငှါပညာကိုပေးနိုင်သောဓမ္မကျမ်းစာကိုငယ်သောအရွယ်မှ
စ၍ လေ့ကျက်သည်ကို၎င်း သိမှတ်သည်နှင့်၊အထက်ကသင်၍ နှလုံးသွင်းမိသောအယူဝါဒ၌တည်နေလော့။
တိမောသေသြ၀ါဒစာ ဒုတိယစောင် ၃း၁-၁၃။
                 *ဘုရားဝတ်၌မွေ့ လျှော်ယောင်ဆောင်၍ မွေ့ လျှော်ခြင်း၊တန်ခိုးကိုငြင်းပယ် ခြင်း*
၇။နောက်ဆုံးသောကာလ၌သစ္စာပျက်ခြင်း တို့ပွားမည်ကို အဘယ်ပုစ္ဆာအားဖြင့် သခင်ယေရှုခရစ်ဖေါ်ပြ
သနည်း။
ဘုရားသခင်ရွေးကောက် တော်မူသောသူတို့သည် ညဥ့်နေ့မပြတ် အော်ဟစ်၍တောင်းလျှောက်လျှင်၊ဘုရား
သခင်သည် သူတို့ဘက်၌ တရားမစီရင်ဘဲ နေတော်မူမည်လော။ကြာမြင့်စွာသည်းခံတော်မူမည်လော။ငါဆို
သည်ကား၊သူတို့ဘက်၌အလျင်အမြန်တရားစီရင်တော်မူမည်။သို့သော်လည်းလူသားသည်ကြွလာသောအခါ
ယုံကြည်ခြင်းကို မြေကြီး ပေါ်မှာတွေ့မည်လောဟုသခင်ဘုရားသည်မိန့်တော်မူ၏။ရှင်လုကာခရစ်ဝင်၁၈း၇-၈။
ထိုနောက် သံလွင်တောင်ပေါ်မှာထိုင်တော်မူစဉ်၊တပည့်တော်တို့သည်အခြားသူမပါဘဲချဉ်းကပ်၍၊ထိုအမှုအ
ရာတို့သည်အဘယ်ကာလမှဖြစ်မည်ကို၎င်း၊ကိုယ်တော်သည်ကြွလာ၍ဤကပ်ကမ္ဘာကုန်သောပုပ္ပနိမိတ်သည်
အဘယ်နိမိတ် ဖြစ်မည်ကို၎င်း အမိန့်ရှိတော်မူပါဟု လျှောက်ကြ၏။ ယေရှုကလည်း၊ သင်တို့ကိုအဘယ်သူမျှ မလှည့်ဖြားစေခြင်းငှါသတိပြုကြလော့။အများသောသူတို့က၊ငါသည်ခရစ်တော်ဖြစ်၏ဟုဆိုလျက်၊ငါ၏အယောင်
ကိုဆောင်၍ ပေါ်လာသဖြင့်လူအများတို့ကိုလှည့်ဖြားကြလိမ့်မည်။သင်တို့သည်စစ်တိုက်ခြင်းအကြောင်းကို၎င်း၊
စစ်တိုက်အံ့ သောသိတင်းစကားကို၎င်းကြားရကြလိမ့်မည်၊သို့သော်လည်းစိုးရိမ်တုန်လှုပ်ခြင်းမရှိစေခြင်းငှာသ
တိပြုကြလော့။ထိုအမှုအရာများသည်ဖြစ်ရမည်။သို့သော်လည်းအဆုံးသည်မဖြစ်သေး။လူတမျိုးနှင့်တမျိုးတ
နိင်ငံနှငံတနိုင်ငံရန်ဘက်ပြုကြလိမ့်မည်။အရပ်ရပ်တို့၌အစာခေါင်းပါးခြင်း၊ကာလနာများပြားခြင်း၊ မြေကြီးလှုပ်
ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ထိုအမှုအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏အစအဦးဖြစ်သတည်း။ထိုကာလ၌လူ
အများတို့သည်သင်တို့ကိုညှင်းဆဲခြင်း၊အသေသတ်ခြင်းကိုခံစေခြင်းငှါအပ်နှံကြလိမ့်မည်။ငါ၏နာမကြောင့်လည်း
ခပ်သိမ်းသောလူမျိုးတို့သည် သင်တို့ကိုမုန်းကြ လိမ့်မည်။ထိုကာလ၌အများသောသူတိုသည်ဖောက်ပြန်ခြင်း
သို့ရောက်၍၊အချင်းချင်းတယောက်ကိုတယောက်အပ်ကြလိမ့်မည်။အချင်းချင်းမုန်းကြလိမ့်မည်။မိစ္ဆာပရော
ဖက်အများတို့သည် ပေါ်လာ၍လူအများတို့ကိုလှည့်ဖြားကြလိမ့်မည်။မတရားသောအမှုတို့သည်များပြားသဖြင့် 
အများသောသူတို့၏ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်။ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄း၃-၁၂။

၈။  နောက်ဆုံးသောကာလ၌ ခရစ်တော်နောက်တော်သို့ လိုက်သည်ဟူ၍ ၀န်ခံသောသူများတို့ ၏ အကျင့်
စာရိတ္တကို အဘယ်ကဲ့သို့ ပေါလုသည်ထင်ရှားစွာ ဖေါ်ပြထားသနည်း။
  နောင်ကာလသည် ခဲယဉ်းသော ကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊လူတို့သည်
ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေ ကိုရှုတ်ချသောသူ၊မိဘစကားကိုနားမထောင်သောသူ၊  ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမ
ရှိသောသူ၊ပကတိကြင် နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ကိုယ်
ဣနြေ္ဒကိုမချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊သစ္စာကိုဖျက်တတ်
သောသူ၊ သတိ ပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်း ကိုသာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍၊ မွေ့လျော်ခြင်း 
တန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကိုရှောင်လော့။တိမောသေသြ၀ါဒစာ ဒုတိယစောင် 
၃း၁-၅။

            ဘဏ္ဍာဆည်းပူးခြင်း၊အလုပ်ရှင်နှင့် အလုပ်သမားပဋိပက္ခဖြစ်ခြင်း
၉။ အဘယ်သို့သောလူစားကို တမန်တော်ရှင်ယာကုတ်သည် အထူးသတိပေးနှိုးဆော်သနည်း။
အချင်းသူဌေး၊ သူကြွယ်တို့၊ ယခုလာကြ၊ သင်တို့အပေါ်၌ ရောက်လတံ့သော ဆင်းရဲဒုက္ခ ဝေဒနာကြောင့် ငိုကြွေးအော်ဟစ်ကြ။ ရှင်ယာကုပ်သြ၀ါဒစာ ၅း၁။

၁၀။ ဤသူတို့ဘာလုပ်ခဲ့သနည်း။
သင်တို့ လယ်ကွင်း၌ ရိတ်သောသူတို့ကို လှည့်စား၍ အခမပေးဘဲ နေသောကြောင့်၊ ထိုအခသည် ကြွေး
ကြော်လေ၏။ ရိတ်သောသူတို့၏ အော်ဟစ်ခြင်းအသံသည်လည်း၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ
ဘုရား၏ နားတော်ထဲသို့ ဝင်လေပြီ။ သင်တို့သည် မြေကြီးပေါ်မှာ ကာမဂုဏ်ခံစား၍အလွန်ပျော်မွေ့ကြပြီ၊
သတ်ရသောနေ့၌ကဲ့သို့၊ မိမိတို့ နှလုံးကိုမွေးမြူကြပြီ။ရှင်ယာကုပ်သြ၀ါဒစာ ၅း ၄-၅။

ကိုယ်တော်သည် ဒုစရိုက်ကို ကြည့်ရှုတော်မမူ။ သန့်ရှင်းသော မျက်စီရှိတော်မူ၏။ အဓမ္မအမှုကို ကြည့်ရှု့၍ နေတော်မမူတတ်ပါ။ သို့ဖြစ်၍၊ သစ္စာပျက်သောသူတို့ကို အဘယ်ကြောင့် ကြည့်ရှု၍ နေတော်မူသနည်း။ အဓမ္မလူ သည်မိမိထက်ဖြောင့်မတ်သောသူကို ကိုက်စား သောအခါ၊ အဘယ်ကြောင့်တိတ်ဆိတ်စွာနေတော်မူသနည်း။လူသတ္တဝါတို့ကိုလည်း ပင်လယ်ငါးကဲ့သို့၎င်း၊
မင်းမရှိသောပိုးကောင်ကဲ့သို့၎င်း အဘယ်ကြောင့်ဖြစ်စေတော်မူသနည်း။ရန်သူသည် ထိုသူအပေါင်း 
တို့ကိုငါးမျှားနှင့် မျှားလျက်၊ ကွန်နှင့် အုပ်လျက်၊ ပိုက်နှင့် လှောင်လျက် ဝမ်းမြောက်ရွှင်လန်းတတ်၏။
မိမိကွန်အားယဇ်ပူဇော်၍၊ မိမိပိုက်အားနံ့သာပေါင်းကို မီးရှို့တတ်၏။ အကြောင်းမူကား၊ ထိုတန်ဆာ အားဖြင့် ဥစ္စာရတတ်၍ ဝစွာစားရ၏။သို့ဖြစ်၍၊ သူသည် ပိုက်ကွန်ထဲက ငါးတို့ကိုသွန်းလောင်းရပါမည် လော။ လူအ
မျိုးမျိုးတို့ကို မနှမြောဘဲ အစဉ်လုပ်ကြံရပါမည်လော။ ဟဗက္ကုတ် အနာဂတ္တိကျမ်း ၁း၁၃-၁၇။

၁၁။ ဘဏ္ဍာဆည်းပူးခြင်းသည် ဘာအကျိုးဖြစ်မည်နည်း။
သင်တို့ဥစ္စာပစ္စည်းသည် ပုပ်စပ်လျက်ရှိ၏။ အဝတ်ကိုလည်း ပိုးကိုက်စားလေပြီ။ ရွှေငွေလည်း အချေးတက်
၍ပျက်ကုန်ပြီ။ ထိုအချေးသည် သင်တို့တဘက်၌ သက်သေ ဖြစ်၍ မီးကဲ့သို့သင်တို့အသားကို စားလိမ့်မည်။
နောက်ဆုံးသောနေ့ရက်ကာလအဘို့ ဘဏ္ဍာကိုဆည်းဖူး ကြပြီတကား။ ရှင်ယာကုပ်သြ၀ါဒစာ ၅း၂-၃။

၁၂။ ဘာဖြစ်လုနီးပြီနည်း။
သင်တို့သည်လည်း သည်းခံလျက်စောင့်နေကြလော့။ ကိုယ်စိတ် နှလုံးကို မြဲမြံစေကြလော့။သခင်ဘုရား
ကြွလာတော်မူသော အချိန် ရောက်လုနီးပြီ၊ ညီအစ်ကိုတို့၊စစ်ကြောစီရင် ခြင်းနှင့်ကင်းလွတ်မည်အကြောင်း၊
အချင်းချင်း ငြင်းခုံပြစ်တင်ခြင်းကို မပြုကြနှင့်။ တရားစီရင်ပိုင်သောသူသည် တံခါး နားမှာရှိတော်မူ၏။
ရှင်ယာကုပ်သြ၀ါဒစာ ၅း၈-၉။

၁၃။ ကျွန်ုပ်တို့သည် အဘယ်ကဲ့သို့လုပ်ရမည်နည်း။  ဤညှဉ်းဆဲနှိပ်စက်ခြင်းများကို ရန်တုံ့ပြန်ရမည်နည်း။
သင်တို့သည်လည်း သည်းခံလျက်စောင့်နေကြလော့။ ကိုယ်စိတ် နှလုံးကို မြဲမြံစေကြလော့။သခင်ဘုရား
ကြွလာတော်မူသော အချိန် ရောက်လုနီးပြီ။ရှင်ယာကုပ်သြ၀ါဒစာ ၅း၈။
                       တစ်ကမ္ဘာလုံးနှင့်ဆိုင်သောစစ်မှုပြင်ဆင်ခြင်း

၁၄။ ဒုတိယကြွလာတော်ခြင်းအချိန်မှာ  ဤကမ္ဘာပေါ်ရှိ သော လူမျိုး တို့ တွင် အဘယ်ကဲ့သို့ သော အခြေ
အနေတို့ တွင် တွေ့ရမည်နည်း။
လူမျိုးတို့သည် အမျက်ထွက်ကြသည်ဖြစ်၍၊ အမျက်တော် သည်လည်း ရောက်ပါပြီ။ သေလွန်သောသူတို့ကို တရားစီရင်ဆုံးဖြတ်တော်မူ၍၊ ကိုယ်တော်၏ကျွန်တည်း ဟူသော ပရောက်ဖက်တို့ အား၎င်း၊ သန့်ရှင်းသူ
တို့အား၎င်း၊ ကိုယ်တော်ကို ကြောက်ရွံ့ရိုသေသော သူအကြီးအငယ်တို့အား ၄င်း၊ ဆုကျေးဇူးကို ပေးသနား
တော်မူ၍၊ မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူသောအချိန် ရောက်ပါပြီ ဟုလျှောက်ဆိုကြ၏။
တဖန် ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဗိမာန်တော်ကိုဖွင့်ထား၍ ဗိမာန်တော်ထဲမှာ ပဋိညာဉ်သေတ္တာတော် ထင်ရှားလေ၏။ လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုဃ်းချုန်းခြင်း၊ မြေလှုတ်ခြင်း၊ အလုံးကြီး စွာသော မိုဃ်းသီးကျခြင်းဖြစ်ကြ၏။ဗျာဒိတ်ကျမ်း ၁၁း၁၈-၁၉။
ထိုအခါ၊နဂါး၏ခံတွင်းထဲက ၎င်း၊ သားရဲ၏ခံတွင်းထဲက၎င်း၊ မိစ္ဆာပရောဖက်၏ ခံတွင်းထဲက၎င်း၊ ဘားကောင်
ကဲ့သို့ ညစ်ညူးသောဝိညာဉ်သုံးပါး ထွက်သည်ကို ငါမြင်၏။နိမိတ်လက္ခဏာတို့ကိုပြသော နတ်ဆိုး၏ဝိညာဉ်
 ဖြစ်သတည်း။ ထိုဝိညာဉ်တို့သည် လောကီတနိုင်ငံလုံးတွင် ရှိသောရှင်ဘုရင်တို့ထံသို့ ထွက်သွား၍၊ အနန္တ
တန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ နေ့ကြီး၌ စစ်တိုက်ခြင်းအလိုငှါ စုဝေးကြ၏။ ဗျာဒိတ်ကျမ်း 
၁၆း၁၃-၁၄။
၁၅။ ထိုအခါလူမျိုးတို့ အား ဘာကြားပြောသနည်း။
ဤအမှုကို တပါးအမျိုးသားတို့အား ကြားပြောကြလော့။ စစ်တိုက်ခြင်းငှါ ပြင်ဆင်၍၊ စစ်သူရဲတို့ကို နှိုးဆော်
ကြလော့။ စစ်သူရဲအပေါင်းတို့သည် ချဉ်းကပ်၍ တက်လာကြစေ။ သံထွန်သွားများကိုထားဖြစ်စေခြင်းငှါ၎င်း
တံစဉ်များကို လှံဖြစ်စေခြင်းငှါ၎င်း၊ ထုလုပ်ကြလော့။ အားနည်းသောသူက၊ ငါအားကြီးသည်ဟု ပြောဆိုစဉ်။
ပတ်လည်၌နေသော တပါးအမျိုးအပေါင်းတို့၊ စုဝေး၍လာကြလော့။သင်းဖွဲ့ကြလော့။စုဝေးရာအရပ်၌သင်တို့ 
သူရဲများကို ထာဝရဘုရား နှိမ့်ချတော်မူမည်။ တပါးအမျိုးသားတို့သည် ထ၍ ယောရှဖတ်ချိုင့်သို့ တတ်လာ
ကြစေ။ ပတ်လည်၌နေသောတပါးအမျိုးသား အပေါင်းတို့ကို စစ်ကြောစီရင်ခြင်းငှါ၊ ထိုအရပ်၌ ငါထိုင်မည်။
 ရိတ်စရာစပါးမှည့်သောကြောင့် တံစဉ်ကိုလွှတ်ကြလော့။ စပျစ်သီးနယ်ရာတန်ဆာပြည်၍၊ စပျစ်ရည်ကျင်း တို့သည်  လျှံသောကြောင့်လာကြ။ ဆင်းကြလော့။ အကြောင်းမူကား၊ သူတို့ပြုသောဒုစရိုက်အပြစ်သည် ကြီးလှ၏။ကွပ်မျက်ရာချိုင့်၌ လူများစည်းဝေးလျက်၊ လူများစည်းဝေးလျက်ရှိကြ၏။ ကွပ်မျက်ရာချိုင့်၌ထာဝရ
ဘုရား၏ချိုင့်တို့သည်ရောက်လုနီးပြီ။ နေနှင့်လသည် မိုက်လိမ့်မည်။ ကြယ်တို့သည်လည်း မထွန်းလင်းဘဲ
 နေကြလိမ့်မည်။ထာဝရဘုရားသည်လည်း ဇိအုန်တောင်ပေါ်က ကြွေးကြော်၍၊ ယေရုရှလင်မြို့ထဲက အသံကိုလွှင့်တော်မူသဖြင့်၊ မိုဃ်းကောင်းကင်နှင့် မြေကြီးသည် တုန်လှုပ်လိမ့်မည်။ သို့ရာတွင် ထာဝရ
ဘုရားသည် မိမိလူတို့၏ ခိုလှုံရာ၊ ဣသရေလအမျိုးသားတို့သည် အစွမ်းသတ္တိ ဖြစ်တော်မူလိမ့်မည်။
ယောလ ၃း၉-၁၆။
ငါ့အသည်းသည် နာ၏။ ငါ့အသည်းသည် နာ၏။ ငါ့နှလုံးအရေဖျားလည်း နာ၏။ ငါ့အထဲ၌ငါ့နှလုံး ပူဆွေး၏။ ငါသည်တိတ်ဆိတ်စွာမနေနိုင်။ အကြောင်းမူကား၊ အိုငါ့ဝိညာဉ်၊ သင်သည်တံပိုးမှုတ်သံနှင့် စစ်တိုက်သံကို ကြားရ၏။ ပျက်စီးပြီ၊ ပျက်စီးပြီဟု အထပ်ထပ်ဟစ်ကြော်ရ၏။ တပြည်လုံးပျက်စီးပြီ။ ငါ၏ တဲတို့သည်
ခဏခြင်းတွင် ပျက်စီးကြပြီ။ငါသည် အဘယ်မျှကာလပတ်လုံး အလံကိုမြင်ရအံ့နည်။ အဘယ်မျှကာလ
ပတ်လုံး တံပိုးသံကို ကြားရအံ့နည်း။အကယ်စင်စစ် ငါ၏လူတို့သည် ထိုင်းမှိုင်း၍ ငါ့ကိုမသိကြ။ မိုက်သော
သူငယ်ဖြစ်၍ ဥာဏ်မရှိကြ။ မကောင်းသောအမှုတို့၌ လိမ္မာကြ၏။ ကောင်းသောအမှုတို့ကို မပြုတတ်ကြ။
 ငါသည် မြေကြီးကိုကြည့်ရှု၍ လွတ်လပ်လဟာဖြစ်၏။ မိုဃ်းကောင်ကင်ကိုလည်း ငါကြည့်ရှု၍ အလင်းမရှိ။
 တောင်တို့ကိုလည်း ငါကြည့်ရှု၍၊ သူတို့နှင့် တကွ ကုန်းရှိသမျှတို့သည် တုန်လှုပ်လျက်နေကြ၏။ငါကြည့်ရှု၍
လူမရှိ။ မိုဃ်းကောင်ကင်ငှက်အပေါင်းတို့သည် ပြေးကြပြီ။ငါကြည့်ရှု၍ဝပြောသောပြည်သည် တောဖြစ်လေ
ပြီ။မြို့များတို့သည် ပြိုပျက်လျက်ရှိကြ၏။ ထာဝရဘုရားရှေ့၊ ပြင်းစွာသောအမျက်တော်ရှေ့၌ ထိုသို့သော
အခြင်းအရာ တို့သည် ဖြစ်ရကြ၏။ထာဝရဘုရား မိန့်တော်မူသည်ကား၊ တပြည်လုံးပျက်စီးရာဖြစ်လိမ့်မည်။ 
ပျက်စီးခြင်းကို ငါမဆီးတား၊ထိုကြောင့်၊ မြေကြီးသည် ညည်းတွားလိမ့်မည်။ မိုဃ်းကောင်းကင်လည်း နက်လိမ့်မည်။ ငါသည်ပြောပြီးမှ နောင်တမရှိ။ ကြံပြီးမှ အကြံမပျက်ရ။ယေရမိအနာဂတ္တိကျမ်း ၄း၁၉-၂၈။

၁၆။ ဤကြီးကျယ်လှသော စစ်မှုပြင်ဆင်ခြင်းတို့ သည် ဘယ်စစ်ပွဲ၌ အဆုံးသို့ ရောက်မည်နည်း။
ထိုအခါ၊ နဂါ၏ခံတွင်းထဲက ၎င်း၊ သားရဲ၏ခံတွင်းထဲက၎င်း၊ မိစ္ဆာပရောဖက်၏ ခံတွင်းထဲက၎င်း၊ ဘားကောင်
ကဲ့သို့ ညစ်ညူးသောဝိညာဉ်သုံးပါး ထွက်သည်ကို ငါမြင်၏။နိမိတ်လက္ခဏာတို့ကိုပြသော နတ်ဆိုး၏ဝိညာဉ်
 ဖြစ်သတည်း။ ထိုဝိညာဉ်တို့သည် လောကီတနိုင်ငံလုံးတွင် ရှိသောရှင်ဘုရင်တို့ထံသို့ ထွက်သွား၍၊ အနန္တ
တန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ နေ့ကြီး၌ စစ်တိုက်ခြင်းအလိုငှါ စုဝေးကြ၏။ ဟေဗြဲဘာသာ
အားဖြင့် အာမဂေဒုန်အမည်ရှိသော အရပ်၌ စုဝေးစေ ကြ၏။အသံတော်ကား၊သူခိုးကဲ့သို့ငါလာ၏။ အဝတ်
အချည်းစည်းနှင့် သွားလာ၍ သူတပါးရှေ့၌ ရှက်စရာအကြောင်းမရှိစေခြင်းငှါ နိုးလျက်နေ၍၊ကိုယ်အဝတ်ကို
စောင့်သောသူသည် မင်္ဂလာရှိ၏။  ဗျာဒိတ်ကျမ်း ၁၆း၁၃-၁၆။

မှတ်ချက်။  ။ပထမကမ္ဘာစစ်ကြီးဖြစ်ခဲ့သည့် အချိန်ကာလမှစ၍ ပုရောဖက်ယောလဟောခဲ့သော အနာဂတ္တိ
စကားသည်အလွန်ထူးခြားစွာ ပြည့်စုံခဲ့လေပြီ။သန်းပေါင်းများစွာသောသူတို့ သည် အသက်ဆုံးရှုံးကြလျှက်
ကုဋေကုဋာမကသောငွေများကို စစ်လက်နက်ကရိယာများအတွက် အကုန်အကျခံခဲ့ ရကြပြီ။ ထိုအချိန်ကာ
လတိုင်အောင်ကမ္ဘာ့ရာဇ၀င်တလျှောက်လုံးတွင် ပထမကမ္ဘာစစ်ကြီးသည်အလွန်တရာပင်ကြောက်မက်
ပြင်းထန်ဖွယ် စစ်ပွဲကြီးဖြစ်ခဲ့လေ၏။ဒုတိယကမ္ဘာစစ်ကြီးကား သာ၍ပင် အလွန်ကြောက်မက်ပြင်းထန်ဖွယ်
ဖြစ်လျှက် သာ၍ကျယ်ပြန့်လေသည်။အဏုမြူလက်နက်ဆန်းများကို စတီထွင်ပြုလုပ်လျှက်ရှိကြသဖြင့် လူ
သတ္တ၀ါတမျိုးလုံးအား နောင်လာမည့်အချိန်ကာလ၌ အဘယ်သို့ ဖြစ်လိမ့်မည်နည်းဟု စိုးရိမ်ပူပန်ခြင်းဖြင့်
ကြောက်ရွံ့တုန်လှုပ်စေကြလေပြီ။ ဤအနာဂတ္တိစကားနှင့် သက်ဆိုင်သောကမ္ဘာကြီး၏နောက်ဆုံးစစ်ပွဲကြီး
ဟူသော အာမဂဒုန် စစ်ပွဲကြီးသည် မကြမီပေါ်ပေါက်လာတော့မည်မှာ ယုံမှားနိုင်စရာမရှိချေ။

မှတ်ချက်။  ။ဤကမ္ဘာပေါ်၌ ယခုရှိသောတိုင်းနိုင်ငံတို့သည်စစ်တိုက်ဖို့ ရန် လေ့ကျင့်ပေးထားသော လူပေါင်း
ငါးကဋေကျော်၇ှိသည်။ဤကမ္ဘာပေါ်တွင်ရှိ ကြီးကျယ်သောတိုင်းနိုင်ငံတို့ တွင်ရှစ်နိုင်ငံတို့ သည်မိမိတို့ ၏စစ်
တပ်များနှင့် စစ်သင်္ဘောများတို့ တွင်တစ်နှစ်လျှငိကုန်ကျစေသောငွေဒင်္ဂါးပေါင်းကုဋေတရာ့ငါးဆယ်။အင်္ဂလန်
ပြည်အမတ်ချုပ်ကြီးကစစ်တပ်များနှင့်စစ်သင်္ဘောများတို့ သည်မိမိတို့ ၏ဖျက်ဆီးစေတတ်သောစစ်ကရိယာများ
နှင့်တကွ တည်ထောင်ထားသည်မှာ အလှအပကြည့်ရှုနေဖို့ ရာမဟုတ်၊ကာလအချိန်ရောက်သောအခါ၎င်း
တို့ ကိုအသုံးပြုရမည်ဟု လျောက်ပါတ်စွာပြောဆိုလေသည်။

၁၇။ ကောင်းကင်တမန်သည် အဘယ်ကြောင့်စစ်တိုက်ခိုက်သော လေများကိုထိန်းချုပ်ထားသနည်း။
ထိုနောက်မှ မြေကြီး၊ ပင်လယ်၊ သစ်ပင်များတို့၌လေမလာ စေခြင်းငှါ၊ ကောင်းကင်တမန်လေးပါး တို့သည်
မြေ၏လေးမျက်နှာလေတို့ကိုကိုင်၍၊ မြေလေးမျက်နှာ၌ ရပ်နေသည်ကို ငါမြင်၏။အသက်ရှင် တော်မူသော 
ဘုရားသခင်၏ တံဆိပ်ပါသောကောင်းကင်တမန် တပါးသည် အရှေ့မျက်နှာက တတ်လာသည်ကိုငါမြင်၏။ သူသည်လည်းမြေနှင့်ပင်လယ်ကို ညှဉ်းဆဲရသောအခွင့်ရှိသော ကောင်းကင်တမန် လေးပါးကိုအသံလွှင့်၍၊
ငါတို့ဘုရားသခင်၏ကျွန်တို့ကို နဖူး၌ တံဆိပ်မခတ်မည်တိုင်အောင်၊ မြေ၊ ပင်လယ်၊ သစ်ပင်တို့ကို မညှဉ်းဆဲပါနှင့် ဟုကြီးသောအသံနှင့် ကြွေးကြော် လေ၏။ဗျာဒိတ်ကျမ်း ၇း၁-၃။
               တစ်ကမ္ဘာလုံးငြိမ်သကိခြင်းရှိရမည်ဟု မဟုတ်မမှန်ဟောသောအနာဂတ်များ 
၁၈။ ဘုရားကိုကြည်ညိုသောလူအများတို့ သည်နောက်ဆုံးသောကာလ၌ဘယ်ကဲ့သို့ ပြောဆိုကြမည်နည်း။
နောက်ဆုံးသောကာလ၌ ထာဝရဘုရား၏ အိမ်တော်တည်သော တောင်သည် တောင်ကြီးတောင်ငယ် တို့၏ ထိပ်ပေါ်မှာမြှောက်၍ တည်လိမ့်မည်၊၊ ခပ်သိမ်းသောလူမျိုးတို့သည်ထိုတောင်သို့စည်းဝေးကြလိမ့်မည်၊၊
များပြားသော သူတို့ကလည်း၊ လာကြလော့၊၊ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရားသခင့်
အိမ်တော်သို့ တက်သွားကြကုန်အံ့၊၊ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည်ခြေတော်ရာ
သို့ လိုက်သွားကြမည် ဟု ခရီးသွားလျက်ပြောဆိုကြလိမ့်မည်၊၊တရားတော်သည် ဇိအုန်တောင်မှ၎င်း၊ထာဝရ
ဘုရား၏ နှုတ် ကပတ်တော်သည် ယေရုရှလင်မြို့မှင်း ပေါ်ထွက်လိမ့်မည်၊၊ထာဝရဘုရားသည် လူမျိုးတို့တွင်
တရားစီရင်၍၊ များပြား သော လူတို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ထားလက်နက်များကို ထွန်သွားဖြစ်စေခြင်း
ငှါ၎င်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှါင်း ထုလုပ်ကြလိမ့်မည်၊၊ တပြည်ကိုတပြည်စစ်မတိုက်၊စစ်အတတ်ကို
လည်း နောက်တဖန်မသင်ရ ကြ၊၊ဟေရှာယအနာဂတ္တိကျမ်း ၂း၂-၄။
နောက်ဆုံးသောကာလ၌ ထာဝရဘုရား၏ အိမ်တော်တည်သောတောင်သည် တောင်ကြီး တောင်ငယ် တို့၏ ထိပ်ပေါ်မှာ မြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်းသောလူစုတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်
မည်။များပြားသောလူမျိုးတို့ကလည်း၊ လာကြလော့။ ထာဝရဘုရား၏ တောင်တော်၊ ယာကုပ်မျိုး၏ဘုရား
သခင့် အိမ်တော်သို့တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကိုပြသသွန်သင်တော်မူ၍၊ငါတို့သည်ခြေတော်
ရာသို့ လိုက်သွားကြမည်ဟု ခရီးသွားလျက် ပြောဆိုကြလိမ့်မည်။ တရားတော်သည် ဇိအုန်တောင်မှ၎င်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှ၎င်း ပေါ်ထွက်လိမ့်မည်။ထာဝရဘုရားသည်များပြား
သောလူတို့တွင် တရားစီရင်၍၊ ဝေးစွာနေလျက် အားကြီးသောလူမျိုးတို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ထား
လက်နက်များကို ထွန်သွားဖြစ်စေခြင်းငှါင်း၊ လှံများကို တံစဉ်းဖြစ်စေခြင်းငှါင်း ထုလုပ်ကြလိမ့်မည်။တပြည်ကို
တပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောင်တဖန် မသင်ရကြ။ မိက္ခာအနာဂတ္တိကျမ်း ၄း၁-၃။

မှတ်ချက်။  ။ဘုရားသခင်သည် ပုရောဖက်တို့အားဖြင့် ဘုရားကိုကြည်ညိုသောသူအများတို့ သည် အဘယ်
ကဲ့သို့ ပြောဆိုမည်ကို၎င်း၊အဘယ်အခါ၌ပြောဆိုမည်ကို၎င်း၊ဤကျမ်းချက်များ၌ ကျွန်ုပ်တို့ ကိုဖေါ်ပြလေ
သည်။များပြားသောသူတို့ ၏ အနာဂတ်များပြည့်စုံလိမ့်မည်ဟု ဘုရားသခင်မိန့်တော်မူသည်သာမက အ
ထက်ကထင်ရှားစွာပြထားသည့်အတိုင်း မိမိကိုယ်တော်တိုင်ကပင် တစ်ကမ္ဘာလုံးစစ်ဖြစ်မည်ဟုဟောထား
သေးသည်။ယခုကာလ၌ဟောပြောဖို့ ရန်သတင်းစကားမှာငြိမ်သက်ခြင်းရှိသည်၊ငြိမ်သက်ခြင်းရှိသည်-ဟူ
၍မဟုတ်၊အသက်ဘေးမှ လွတ်အောင်ပြေးဟူ၍ ဖြစ်သည်။
၁၉။ ထို့ ကြောင့်ဘုရားသခင်သည်ယခုကာလအဖို့ ဘယ်သတင်းစကားကိုစေလွှတ်တော်မူသနည်း။
ထိုသို့ပြုမည်ဖြစ်သောကြောင့်၊ အိုဣသရေလအမျိုး၊ သင်၏ ဘုရားသခင်နှင့် တွေ့ခြင်းငှါ ကိုယ်ကိုပြင်
ဆင်လော့။ အာမုတ်အနာဂတ္တိကျမ်း ၄း၁၂။
၂၀။ ယခုဖြစ်သောလူများကိုအဘယ်ကဲ့သို့ စိတ်အားထက်သန်စွာနှင့် သတိပေးနှိုးဆော်တော်မူသနည်း။
 သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ သို့မဟုတ် အစား အသောက်လွန်ကျူးခြင်း လောကီစိုးရိမ်
ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင်၊ထိုနေ့ရက်သည် အမှတ်တမဲ့ သင်တို့နှင့်တွေ့ကြုံလိမ့်မည်။
ထိုနေ့ရက် သည် ပိုက်ကွန်ကဲ့သို့ မြေတပြင်လုံး၌ နေသောလူအပေါင်းတို့ကို အုပ်မိလိမ့်မ်ည်။ထိုကြောင့် 
သင်တို့သည် ဖြစ်လတံ့သောအမှုအရာတို့နှင့် ကင်းလွတ်၍ လူသားထံသို့ ရောက်ခြင်းကို ခံထိုက်သော
သူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း၊ အစဉ်ဆုတောင်းလျက် စောင့်နေကြလော့ဟု မိန့်တော်မူ၏။
ရှင်လုကာခရစ်ဝင်၂၁း ၃၄-၃၆။