My Blog List

Friday, June 24, 2016

              
 

       ကျွန်ုပ်တို့ သခင်ဘုရား၏ အနာဂတ္တိစကားကြီး

၁။ ကယ်တင်သောအရှင်သည် ယေရုရှလင်မြို့သို့ အောင်ပွဲခံလျှက် ၀င်တော်မူသောနေ့၌ ၎င်းမြို့ပျက်စီးခြင်းနှင့်ပါတ်သပ်၍ ကိုယ်တော်သည်အဘယ်ကဲ့သို့ တင်ကူး ဟောထားတော်မူသနည်း။
  အကြောင်းမူကား၊ သင့်ကိုကြည့်ရှုပြုစု တော်မူသော ကျေးဇူးကို သင်သည်မသိ မမှတ်သောကြောင့်၊ သင်၏ရန်သူတို့သည် သင့်ပတ်လည်တွင် တပ်တည်၍ လေးမျက်နှာ၌ ဝိုင်းရံလျက် ချုပ်ထားပြီးလျှင်၊
 သင်၏ကိုယ်မှစ၍ သင်၏သားသမီးတို့ကို မြေနှင့် တညီတည်းညှိသဖြင့်၊ သင်၌ ကျောက်တခုပေါ်မှာ တခုမျှထပ်ဆင့်၍ မကျန်ရစ်စေခြင်းငှါ ပြုကြသောအချိန်ကာလ သည် ရောက်လိမ့်မည်ဟု မိန့်တော်မူ၏။
ရှင်လုကာခရစ်ဝင် ၁၉း၄၃-၄၄။

၂။ ဤအနာဂတ္တိစကားကို ဘယ်သောအခါ၌ ထပ်မံ၍ ဟောတော်မူသေးသနည်း။
ယေရှုသည် ဗိမာန်တော်မှထွက်ကြွတော်မူသည်ရှိသော်၊ တပည့်တော်တို့သည် ဗိမာန်တော်၏ တိုက်ဆောင် များကိုပြခြင်းငှါ အထံတော်သို့ချဉ်းကပ်ကြ၏။ ယေရှုကလည်း၊ ဤအရာအလုံးစုံကို
သင်တို့သည်မြင်ကြသည် မဟုတ်လော။ ငါအမှန်ဆိုသည်ကား၊ မဖြိုမချဘဲ ကျောက်တခုပေါ်မှာ တခုမျှမတည်မနေရဟု မိန့်တော်မူ၏။ရှင်မဿဲခရစ်ဝင် ၂၄း၁-၂။
ကိုယ်တော်သည် ဗိမာန်တော်မှထွက်ကြွတော်မူသော်၊ တပည့်တော်တယောက်က၊အရှင်ဘုရားကြည့်
ရှုတော်မူပါ။ ဧရာကျောက်ကြီးတကား၊ ဧရာတိုက်ဆောင်ကြီးတကား ဟုလျှောက်လျှင်၊ ယေရှုက၊
ဤကြီးစွာသောတိုက်ဆောင်တို့ကို သင်သည်ယခုမြင်ရ၏။ မဖြိုမချဘဲ ကျောက်တခုပေါ်မှာတခုမျှမတည် မနေရ ဟုမိန့်တော်မူ၏။ရှင်မာကုခရစ်ဝင် ၁၃း၁-၂။
 လူအချို့တို့သည် လာ၍ဗိမာန်တော်သည် တင့်တယ်သောကျောက်ပြားနှင့်၎င်း၊ ပူဇော်သက္ကာများ နှင့်၎င်း၊ ဆင်ပြင်လျက်ရှိပါ၏ဟု လျှောက်ကြလျှင်၊  ကိုယ်တော်က၊ ဤအရာများကို သင်တို့သည်ယခု မြင်ကြရ၏။ မဖြိုမချဘဲ ကျောက်တခုပေါ်မှာ တခုမျှမတည်မနေရသော အချိန်ကာလရောက်လိမ့်မည်ဟု မိန့်တော်မူ၏။
ရှင်လုကာခရစ်ဝင် ၂၁း၅-၆။

၃။ဒုတိယမေးခွန်းထဲတွင် ယှဉ်တွဲလျှက်ပါရှိသော အကြောင်း၂ခုသည်ဘယ်အကြောင်းများဖြစ်သနည်း။
  ထိုနောက် သံလွင်တောင်ပေါ်မှာ ထိုင်တော်မူစဉ်၊ တပည့်တော်တို့သည် အခြားသူမပါဘဲချဉ်းကပ်၍၊ ထိုအမှုအရာတို့သည် အဘယ်ကာလမှဖြစ်မည်ကို၎င်း၊ ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော ပုပ္ပနိမိတ်သည် အဘယ်နိမိတ် ဖြစ်မည်ကို၎င်း အမိန့်ရှိတော်မူပါဟု လျှောက်ကြ၏။ရှင်မဿဲခရစ်ဝင် ၂၄း၃။

၎။ ယေရုရှလင် မြို့ ပျက်စီးခြင်းနှင့်ပါတ်သပ်၍ ထိုသူတို့အားအဘယ်ထင်ရှားသောလက္ခဏာ ကိုညွှန်ပြထား
သနည်း။
ယေရုရှလင်မြို့ကို ဗိုလ်ခြေများဝန်းရံလျက်ရှိသည်ကို သင်တို့မြင်သောအခါ၊ ထိုမြို့သည် ပျက်ဆီးခြင်းသို့
 ရောက်လုသည်ကို သိမှတ်ကြလော့။ ထိုအခါ ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ ပြေးကြစေ။
 မြို့ထဲ၌ရှိသောသူတို့သည် မြို့ပြင်သို့ထွက်ကြစေ။ တောရွာမှာရှိသောသူတို့သည် မြို့ထဲသို့ မဝင်ကြစေနှင့်။
ရှင်လုကာခရစ်ဝင် ၂၁း၂၀-၂၁။
ပရောဖက်ဒံယေလဟောသည်အတိုင်း၊ ဖျက်ဆီးတတ်သောရွံရှာဘွယ်အရာသည် မနေသင့်သော အရပ်၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင်၊ ကျမ်းစာကိုကြည့်သောသူသည်နားလည်ပါစေ။ ထိုသို့မြင်ရလျှင် ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ။ရှင်မာကုခရစ်ဝင် ၁၃း၁၄။
ထိုကြောင့် ပရောဖက်ဒံယေလဟောသည်အတိုင်း၊ ဖျက်ဆီးတတ်သောရွံရှာဘွယ်အရာသည် သန့်ရှင်းသောအရပ်ဌာန၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင်၊ ကျမ်းစာကိုကြည့်သောသူသည် နားလည် ပါစေ။ရှင်မဿဲခရစ်ဝင် ၂၄း၁၅။

၅။ ဤ အနာဂတ္တိစကားတော်သည် ဘယ်သောအခါ၌ အစဉ်အတိုင်း ပြည့်စုံခြင်းသို့ရောက်သနည်း။
သို့မဟုတ်၊ ဥပုသ်နေ့၌ ဝန်ကိုထမ်းရ၍ ယေရုရှလင်မြို့တံခါးများသို့ မဝင်၊ ဥပုသ်နေ့ကိုသန့်ရှင်း စေသည်
တိုင်အောင်၊ သင်တို့သည် ငါ့စကားကိုနားမထောင်လျှင်၊ ငါသည်ထိုမြို့တံခါးတို့ကို မီးရှို့၍၊ ထိုမီးသည် မငြိမ်းမသေဘဲ ယေရုရှလင်မြို့ဘုံဗိမာန်တို့ကို လောင်ရလိမ့်မည်။ယေရမိမြည်တမ်းစကား ၁၇း၂၇။
ထိုကြောင့်၊ သင်တို့အတွက် ဇိအုန်တောင်သည် လယ်ကဲ့သို့ထွန်ခြင်းကို ခံရလိမ့်မည်။ ယေရုရှလင်
မြို့သည်လည်း မြေပုံများဖြစ်လိမ့်မည်။ ဗိမာန်တော်တောင်သည်လည်း၊ တောတောင်ကဲ့သို့ ဖြစ်လိမ့်မည်။
မိက္ခာအနာဂတ္တိကျမ်း ၃း၁၂။
 ထိုသိတင်းခြောက်ဆယ်နှစ် သိတင်းလွန်ပြီးမှ ခရစ်တော်သည် အခွင့်မရဘဲ အသေသတ်ခြင်းကို ခံရလိမ့်မည်။ ထိုနောက်မှ လာသောသခင်၏ လူတို့သည် မြို့တော်ကို၎င်း၊၊ သန့်ရှင်းရာ ဌာနကို ၎င်း ဖြိုဖျက်ကြလိမ့်မည်။ ရေလွှမ်းမိုးသောအားဖြင့် ဆုံးရှုံးခြင်းအားဖြစ်လိမ့်မည်။ အဆုံးတိုင်အောင် စစ်တိုက်ခြင်း၊ ပျက်စီးရာနှင့် ဆိုင်သော စီရင်ဆုံးဖြတ်ခြင်းရှိလိမ့်မည်။ဒံယေလအနာဂတ္တိကျမ်း ၉း၂၆။
အကြောင်းမူကား၊ သင့်ကိုကြည့်ရှုပြုစု တော်မူသော ကျေးဇူးကို သင်သည်မသိ မမှတ်သောကြောင့်၊ သင်၏ရန်သူတို့သည် သင့်ပတ်လည်တွင် တပ်တည်၍ လေးမျက်နှာ၌ ဝိုင်းရံလျက် ချုပ်ထားပြီးလျှင်၊
 သင်၏ကိုယ်မှစ၍ သင်၏သားသမီးတို့ကို မြေနှင့် တညီတည်းညှိသဖြင့်၊ သင်၌ ကျောက်တခုပေါ်မှာ တခုမျှထပ်ဆင့်၍ မကျန်ရစ်စေခြင်းငှါ ပြုကြသောအချိန်ကာလ သည် ရောက်လိမ့်မည်ဟု မိန့်တော်မူ၏။
ရှင်လုကာခရစ်ဝင် ၁၉း၄၃-၄၄။
 ထိုမင်းကြီးသည် ကြားလျှင် အမျက်ထွက်၍စစ်ချီစေသဖြင့်၊ လူအသက်ကိုသတ်သောထိုသူတို့ကို
အပြီးလုပ်ကြံ၍ သူတို့၏မြို့ကို မီးရှို့လေ၏။ ရှင်မဿဲခရစ်ဝင် ၂၂း၇။
ယေရှုကလည်း၊ ဤအရာအလုံးစုံကို သင်တို့သည်မြင်ကြသည် မဟုတ်လော။ ငါအမှန်ဆိုသည်ကား၊ မဖြိုမချဘဲ ကျောက်တခုပေါ်မှာ တခုမျှမတည်မနေရဟု မိန့်တော်မူ၏။ရှင်မဿဲ ခရစ်ဝင် ၂၄း၂။

၆။ ယေရုရှလင်မြို့ ပျက်စီးပြီးသည့်နောက် ရွေးချယ်ခြင်းခံရသော သူတို့သည်ဘာတွေ့ကြုံရမည်နည်း။
 အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်းမဖြစ်လတံ့သော ကြီးစွာသောဒုက္ခသည် ထိုကာလ၌ဖြစ်လိမ့်မည်။ထိုကာလတာရှည်လျှင် အဘယ်သူမျှမလွတ်နိုင်ရာ။
 ရွေးချယ်သောသူတို့အဘို့အလို့ငှါ ထိုကာလသည် တိုလိမ့်မည်။ရှင်မဿဲခရစ်ဝင် ၂၄း၂၁-၂၂။
အကြောင်း မူကား၊ ဘုရားသခင်ဖန်ဆင်းတော်မူသော ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊
 နောက်ပိုင်း၌လည်း မဖြစ်လတံ့သော ဒုက္ခသည် ထိုနေ့ရက်ကာလ၌ဖြစ်လိမ့်မည်။ထိုကာလကို
ဘုရားသခင်သည် တာရှည်စေလျှင်၊ အဘယ်သူမျှ မလွတ်နိုင်ရာ။ ရွေးချယ်တော်မူသောသူတို့အဘို့အလိုငှါ ထိုကာလကို တိုစေတော်မူမည်။ရှင်မာကုခရစ်ဝင် ၁၃း၁၉-၂၀။

၇။ ဘုရားသခင်၏လူတို့သည် အဘယ်ကာလ၌ ဤကဲ့သို့ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံရကြသနည်း။
အမြင့်ဆုံးသောဘုရားကို ဆန့်ကျင်ဘက်ပြု၍၊ ကြီးစွာသောစကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့် ပညတ်တရား တို့ကို ပြောင်းလဲစေခြင်းငှါ ကြံစည်လိမ့်မည်။ တကာလ၊ နှစ်ကာလ၊ ကာလတဝက်ပတ်လုံးသူသည် အခွင့်ရလိမ့်မည်။ဒံယေလအနာဂတ္တိကျမ်း ၇း၂၅။
မိန်းမသည် အရက်တထောင်နှစ်ရာ ခြောက်ဆယ်ပတ်လုံး တော၌ကျွေးမွေးခြင်းကို ခံရမည်အကြောင်း ဘုရားသခင်ပြင်ဆင်တော်မူသော အရပ်သို့ ပြေးလေ၏။ကောင်းကင်၌ စစ်ဖြစ်၏။မိက္ခေလနှင့်
 သူ၏ကောင်းကင်တမန်တို့သည် နဂါးကိုစစ်တိုက်ကြ၏။ နဂါးနှင့် သူ၏တမန်တို့သည် စစ်တိုက်၍မနိုင်ကြ။ 
 ကောင်းကင်၌လည်း သူတို့နေစရာမရှိ။ ကောင်းကင်ဘုံ၌ ကြီးသောအသံကား၊ ယခုမှာကယ်တင်ခြင်းဖြစ်
၏။ တန်ခိုးတော်လည်းဖြစ်၏။ ငါတို့ဘုရားသခင်၏ နိုင်ငံတော်နှင့် သူ၏ခရစ်တော်၏ အာဏာတော်စက်
လည်းဖြစ်၏။ အကြောင်းမူကား၊ ငါတို့ညီ အစ်ကိုများကို ငါတို့ဘုရားသခင့်ရှေ့တော်၌ နေ့ညဥ့်မပြတ် အပြစ်တင်သောရန်သူကို အောက်သို့ချလေပြီ။သူတို့သည် သိုးသငယ်၏ အသွေးအားဖြင့်၎င်း၊ မိမိတို့သက်
သေခံချက်နှုတ်ကပတ် တရားအားဖြင့်င်း အောင်မြင်၍၊ အသေခံ သည်တိုင်အောင် ကိုယ်အသက်ကို မနှမြောကြ။ထိုကြောင့်၊ ကောင်းကင်နှင့် ကောင်းကင်သားတို့ ရွှင်လန်းကြ လော့။ မြေကြီးနှင့်ပင်လယ်သည်
 အမင်္ဂလာရှိ၏။ အကြောင်းမူကား မာရ်နတ်သည် မိမိကာလ တခဏသာရှိသည် ကိုသိ၍၊ ပြင်းစွာသော
 ဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီဟု ဆိုကြသည် ကို ငါကြား၏။ထိုနဂါးသည် မြေကြီးသို့
ကိုယ်ကျသည်ကို သိမြင်လေသော်၊ သားယောက်ျားကို ဘွားမြင်သော မိန်းမကို ညှဉ်းဆဲ၏။ မိန်းမသည် 
ထိုမြွေနှင့်လွတ်၍၊ တကာလ၊ နှစ်ကာလ၊ ကာလတဝက်ပတ်လုံး ကျွေးမွေးခြင်းကို ခံရာအရပ်တည်းဟူသော
 တောအရပ်သို့ ပျံနိုင်မည်အကြောင်း၊ ရွှေလင်းတကြီး၏ အတောင်နှစ်ဘက်ကိုရလေ၏။ဗျာဒိတ်ကျမ်း ၁၂း၆-၁၄။
ထိုသားရဲသည်လည်း ကြီးစွာသောစကားကို၎င်း၊ ဘုရားသခင်ကို ပြစ်မှားသောစကားကို၎င်း
 ပြောတတ်သောနှုတ်နှင့် ပြည့်စုံ၍ လလေး ဆယ်နှစ်လပတ်လုံး စီရင်ရသော အခွင့်ကို ရ၏ ဘုရားသခင်ကို
 ပြစ်မှားသောစကားအားဖြင့် နာမတော်နှင့် တဲတော်ကို၎င်း၊ ကောင်းကင်သားတို့ကို၎င်း ပြစ်မှားခြင်းငှါ
 နှုတ်ကိုဖွင့်ထား၏။သန့်ရှင်းသူတို့ကိုစစ်တိုက်၍ နိုင်ရသော အခွင့်ကိုရ၏။ အသီးအသီးဘာသာစကားကို 
 ပြောသောလူအမျိုးအနွှယ်ခပ်သိမ်းတို့ကို အုပ်စိုးရသော အခွင့်ကို လည်းရ၏။ဗျာဒိတ်ကျမ်း ၁၃း၅-၇။
ထိုနေ့ ရက်စေ့ပြီးမှ၊ တဖန်လက်ျာ နံစောင်းဖြင့်အိပ်၍၊ အရက်လေးဆယ်ပတ်လုံး ယုဒအမျိုး၏ အပြစ်ကိုခံဦးလော့။ နှစ်အ စား၌ ရက်ကိုငါထားပြီ။ယေဇကျေလအနာဂတ္တိကျမ်း ၄း၆။

၈။ထိုကာလ၏ဒုက္ခဆင်းရဲခြင်းပြီးလျှင် ပြီးချင်း နောက်မှ မည်သည့်အရာများဖြစ်ဦးမည်နည်း။
ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက်ရုတ်ခနဲနေသည် မိုက်လိမ့်မည်။ လသည်အရောင်ကိုမပေးကြယ်တို့
သည် ကောင်းကင်မှ ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ရှင်မဿဲ ခရစ်ဝင်
၂၄း၂၉။

၉။  ၁၇၇၈ ခုနှစ်မကုန်မီ ၁၇၇၆ ခုနှစ်ကုန်ပြီးနောက် နေသည်မိုက်သလော။
၁၇၈၀ ပြည့်နှစ် ၊မေလ၁၉ရက်နေ့တွင် နေသည်မိုက်လေသည်။
ဝက်ဘစတာ အဘိဓါန်ကြီးတွင် မှောင်ကြီးကျသောနေ့ ကျွန်ုပ် တို့ဖတ်ရသည်မှာ မှောင်ကြီးကျသောနေ့အ
ဓိပ္ပါယ် သည် ၁၇၈၀ ပြည့်နှစ်မေလ ၁၉ရက်နေ့၌ နယူးအင်္ဂလန်ခရိုင်များတို့တွင် ထူးခြားသောမှောင်ကြီး
သည် တစ်နေ့လုံးကျရောက်သောကြောင့်မြေကြီးလဟာပြင်တို့၌ ၆နာရီခန့်မျှလောက် လူများတို့သည် စာကို
ပင်မဖတ်နိုင်ကြ။အဘယ်အကြောင်းကြောင့် ဤသို့ဖြစ်ရသည်ကိုမသိ။
နက္ခတ်တာရာဆရာကြီး ဟာရှေလ်ဆိုသူက ထိုနေ့အကြောင်းကို သက်သေခံသည်မှာ အမေရိကန်ပြည်
မြောက်ပိုင်း၌ ဖြစ်သောမှောင်ကြီးကျသောနေ့သည် အလွန်ထူးဆန်းအံ့သြဖွယ်ကောင်း၍ လောကဓါတ်ဆ
ရာတို့သည် အဘယ်အကြောင်းကြောင့် ဤသို့ဖြစ်သည်ကို ဖြေဆိုခြင်းငှာ မတတ်စွမ်းနိုင်။
ဤကဲ့သို့ဖြစ်ခြင်း၌ ဗျာဒိတ် ၆း၁၂ ။ယောလ၂း၃၀-၃၁ တို့တွင်ပါသောအနာဂတ် စကားများတို့သည်
ပြည့်စုံခြင်းသို့ရောက်လေပြီ။
ဆဌမတံဆိပ်ကိုဖွင့်သောအခါ ငါကြည့်လျှင်၊ ကြီးစွာသော မြေလှုပ်ခြင်းဖြစ်၏။ နေသည်အမွေးဖြင့်ရက်
သော အဝတ်ကြမ်းကဲ့သို့ မည်း၏။ လအလုံးသည်အသွေးကဲ့သို့ဖြစ်၏။ဗျာဒိတ်ကျမ်း ၆း၁၂။
မိုဃ်းကောင်ကင်၌င်း၊ မြေကြီးပေါ်၌င်း၊ အံ့ဘွယ် သောအရာတည်းဟူသော သွေး၊ မီးလျှံ၊ မီးခိုးတိုင်တို့ကို
ငါပြမည်။ထာဝရဘုရား၏ ကြောက်မက်ဘွယ်သော  နေ့ကြီးမတိုင်မှီ၊ နေသည် မှောင်မိုက်အတိဖြစ်လိမ့်မည်။
လသည်လည်း သွေးဖြစ်လိမ့်မည်။ယောလအနာဂတ္တိကျမ်း ၂း၃၀-၃၁။

၁၀။ လ၌ဖြစ်သောလက္ခဏာသည် အဘယ်သောအခါ၌ ပြည့်စုံခြင်းသို့ရောက်သနည်း။
လ ၌ဖြစ်သောလက္ခဏာသည် ထိုမှောင်ကြီးကျသော ၁၇၈၀ ပြည့် နှစ် မေလ ၁၉ရက် နေ့ညဥ့် ဖြစ်လေသည်။
ကိုယ်တိုင်သိမြင်သော မိုင်လိုဘောတွစ်ဆိုသူတစ်ယောက်က ဘုရားသခင်ကိုရိုသေသော ကျွန်ုပ်၏ မိဘ
နှစ်ပါးတို့သည် တရားစီရင်သော နေ့ရောက်ဖို့နီးလေပြီဟု ထင်မှတ်ကြောင်း ၊၎င်းပြင်လူတို့သည် တစ်ညလုံးမအိပ်ပဲ သန်းခေါင်ချိန်လွန်သောအခါ မှောင်ကြီးပျောက်သဖြင့် မိုးကောင်းကင်သည်နဂိုအတိုင်း
ဖြစ်ပြီးလျှင် လသည်ပြည့်လျှက်ရှိငြားသော်လည်း သွေးရောင်ကဲ့သို့ ဖြစ်နေသည်ကို မြင်ကြကြောင်းသက်
သေခံလေ၏။
ဤသို့ ကျွန်ုပ် တို့သခင်ဘုရား၏ အနာဂတ်စကားများနှင့် ဗျဒိတ်ကျမ်း ၆း၁၂ ၌ပါသော စကားများတို့သည် 
ပြာ့်စုံခြင်းသို့ရောက်ခဲ့လေပြီ။
မှတ်ချက်။  ။ ထိုနေ့သည်လပြည့်နေ့ ဖြစ်သောကြောင့် ဓမ္မတာ တရားအတိုင်း နေသည်ထိုနေ့၌ ဘယ်နည်းနှင့်မျှ မကြတ်နိုင်ပေ။

၁၁။  တတိယလက္ခဏာတည်းဟူသော ကြယ်များကြွေကျခြင်းသည် ဘယ်သောအခါ၌ ဖြစ်သနည်း။
၁၈၃၃ ခုနှစ် နိုဝင်ဘာလ၁၃ ရက်နေ့ဖြစ်လေသည်။
ရေလ် အမည်ရှိသော သိပ္ပံကျောင်းတော်ကြီးက ကျော်စောသော မိုးလေ၀သနက္ခတာရာ ဆရာကြီးအုမ်း
စတက် ဆိုသူက ၁၈၃၃ ခုနှစ် နိုဝင်ဘာလ၁၃ ရက် သန်းခေါင်ကျော်အချိန်၌ ကြယ်များကြွေကျသည်ကို 
မြင်ရခြင်းသည် ကမ္ဘာဦးမှစ၍ ရာဇ၀င်တို့၌ မှတ်သားထားခြင်း မရှိခဲ့ဘူးသော ကောင်းကင်မီးပွဲ အကြီးဆုံး
ကို ကံကောင်း၍ တွေ့ကြုံရကြောင်း၊၁၈၃၃ ခုနှစ် ရွာချလိုက်သော ကြယ်တို့သည် အဘယ်မျှလောက်ကြီး
ကျယ်သည်ဆိုသော် ကမ္ဘာပေါ်၌ ရှိသော တိုင်းနိုင်ငံအများတို့က မြင်ရကြောင်းပြောဆိုလေ၏။
ဂျာမနီပြည်၊စတတ်ဂတ်မြို့၌လဲ နောဟိုင်ရစ် ကာလ်ဘာ ဆိုသူရေးသောစာအုပ်တွင် ၁၈၃၃ ခု နှစ် နိုဝင်ဘာ
လ၂၅ ရက်နေ့ ဥရောပ တိုက်ကြီးအပေါ်သို လှပသော ကြယ်များတို့သည် ကြွေကျ ကြောင်း မစ္စတာ ကာလ်
ဘာက ၊ဆီလီရှားနယ်၊မင်စတာဘတ်မြို့ မှာ ကြယ်များတို့သည် မီးမိုးကဲ့သို့ရွာချကြောင်း ၊ကြယ်များနှင့်
မီးလုံးများကျလာ၍ မှောင်မိုက်ကိုလင်းသွားစေသောကြောင့် လူများတို့ကအနီးအနားတွင် အိမ်များမီးလောင်
သည်ဟုထင်မှတ်ကြကြောင်းပြောပြသည်။ထိုအခါသြစတေးလျှပြည် ပရင်းမြို့၌ အင်္ဂလိပ်တိုင်ပေါင်း စတုရန်း
၅၀၀ကျော်ပေါ်သို့ကြယ်များကြွေဆင်း၍အချို့သောသူတို့က ထိုကြယ်တို့ကြွခြင်းကိုကောင်းကင်က မီး
တောက်မီးလျှံ ဆင်းသက်လာသည်ဟု ဆိုကြသည်။အချို့တို့ကလည်းမီးမိုးရွာသည်ဟုဆိုကြသည်။မြင်းများ
တို့သည်ကြောက်လန့်သောကြောင့် မြေပေါ်မှာလဲကြသည်။လူအများတို့သည်လည်းကြောက်ခြင်းကြောင့် 
အဖျားအနာရကြသည်။

၁၂။ သခင်ဘုရားကြွလာတော်မမူမီ ဖြစ်ရမည့်လက္ခဏာများတို့တွင် အဘယ်အခြားလက္ခဏာဖြစ်ရမည်ကို
ထင်ရှားစွာဖေါ်ပြထားသနည်း။
  အရပ်ရပ်တို့၌ ကြီးစွာသော မြေလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်းတို့သည် ဖြစ်ကြ
လိမ့်မည်။ မိုဃ်းကောင်းကင်၌လည်း ကြောက်မက်ဘွယ်သောအရာနှင့် ကြီးစွာသောပုပ္ပနိမိတ်တို့သည်
 ပေါ်ထွန်း ကြလိမ့်မည်။ထိုအမှုအရာများမဖြစ်မှီ လူများတို့သည် ငါ၏နာမကြောင့်သင်တို့ကို ဘမ်းဆီး
ညှင်းဆဲ၍ တရားစရပ်၌၎င်း၊ ထောင်ထဲ၌၎င်း အပ်နှံကြလိမ့် မည်။ ရှင်ဘုရင်၊ ဝန်မင်းထံသို့ ပို့ဆောင်ကြလိမ့်
မည်။ထိုသို့သောအားဖြင့် သင်တို့သည် သက်သေခံရသော အခွင့်ရှိကြလိမ့်မည်။ထိုကြောင့် သင်တို့သည် 
အဘယ်သို့ပြန်ပြောရမည်ကို ရှေ့မဆွကမဆင်ခြင်ခြင်းငှါ သတိထားကြလော့။အကြောင်းမူကား၊
 ရန်သူအပေါင်းတို့သည် မငြင်းခုံမဟန့်တားနိုင်သော နှုတ်သတ္တိ၊ ဥာဏ်သတ္တိကို ငါပေးမည်။
 သင်တို့မိဘ၊ ညီအစ်ကို၊ ပေါက်ဘော်၊ အဆွေခင်ပွန်းတို့သည် သင်တို့ကိုအပ်နှံကြလိမ့်မည်။ အချို့တို့ ကိုလည်း သတ်ကြလိမ့်မည်။လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကိုမုန်းကြလိမ့်မည်။
 သို့သော် လည်း သင်တို့ဆံခြည်တပင်မျှ မပျက်ဆီးရ။သင်တို့သည် တည်ကြည်သောအားဖြင့်ကယ်တင်ခြင်း
သို့ရောက် ကြလော့။ ယေရုရှလင်မြို့ကို ဗိုလ်ခြေများဝန်းရံလျက်ရှိသည်ကို သင်တို့မြင်သောအခါ၊ ထိုမြို့သည် ပျက်ဆီးခြင်းသို့ ရောက်လုသည်ကို သိမှတ်ကြလော့။ထိုအခါ ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်
သို့ ပြေးကြစေ။ မြို့ထဲ၌ရှိသောသူတို့သည် မြို့ပြင်သို့ထွက်ကြစေ။ တောရွာမှာရှိသောသူတို့သည် မြို့ထဲသို့ မဝင်ကြစေနှင့်။အကြောင်းမူကား၊ထိုနေ့ရက်ကာလသည်ကျမ်းစာချက်များပြည့်စုံရသောဒဏ်စီရင်ခြင်းနေ့ရက်
ကာလ ဖြစ်သတည်း။
 ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည် အလွန်ခက်ကြလိမ့်
 မည်။ အကြောင်းမူကား၊ ယုဒပြည်၌ ကြီးစွာသောဆင်းရဲဒုက္ခဖြစ်၍ ယုဒလူမျိုးအပေါ်၌အမျက်ဒေါသ
သင့်ရောက် လိမ့်မည်။သူတို့သည် ထားဘေးဖြင့်ပျက်ဆီးခြင်း သို့ရောက်ကြလိမ့်မည်။  အခြားသောပြည်
အရပ်ရပ်သို့ ဘမ်းသွားကြလိမ့်မည်။ တပါးအမျိုးသားတို့သည် မိမိတို့အချိန်ကာလ မပြည့်စုံမည်တိုင်အောင်
 ယေရှုရှလင်မြို့ကို ခြေနှင့်နင်းကြလိမ့်မည်။ထိုအခါ၊ နေ၊ လ၊ ကြယ်နက္ခတ်တို့၌ ပုပ္ပနိမိတ်ထင်ရှားလိမ့်မည်။ 
 မြေကြီးပေါ်မှာလည်း လူအမျိုးမျိုး မငြိမ်မသက် စိုးရိမ်ကြောင့်ကြခြင်း၊ သမုဒ္ဒရာလှိုင်းတံပိုးကြီးခြင်း
၊ရှင်လုကာခရစ်ဝင် ၂၁း၁၁-၂၅။

၁၃။ ဤအရာတို့သည် အဘယ်အပြင်လက္ခဏာတို့ကိုဖော်ပြသနည်း။
 တဖန်ကျမ်းစာလာသည်ကား၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် ရှေ့ဦးစွာ၌ မြေကြီးကို တည်တော်မူပြီ။ မိုဃ်းကောင်ကင်သည်လည်း  လက်တော်နှင့် ဖန်ဆင်းသော အရာဖြစ်ပါ၏။ထိုအရာတို့သည်
 ပျက်စီးခြင်းသို့ရောက် သော်လည်း ကိုယ်တော်သည်အမြဲတည်တော်မူ၏။ ထိုအရာရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ ရောက်၍၊ ကိုယ်တော်သည် ဝတ်လုံကိုလိပ်သကဲ့သို့ လိပ်တော်မူသဖြင့်
 ပြောင်းလဲခြင်း ရှိကြသော်လည်း၊ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။ အသက်တော်လည်း 
မကုန်မဆုံးရပါဟု လာသတည်း။ဟေဗြဲသြ၀ါဒစာ ၁း၁၀-၁၂။
ကြည့်ရှုလော့၊၊ ထာဝရဘုရားသည် ပြည်တော်ကို လွတ်လပ်စေ၍ ပယ်ရှင်းမှောက်ထားသဖြင့်၊ ပြည်သားတို့ ကို ကွဲပြားစေတော်မူ၏၊၊
 ထိုအခါ ယဇ်ပုရောဟိတ်သည် ဆင်းရဲသားကဲ့သို့င်း၊ သခင်သည်ကျွန်ကဲ့သို့င်း၊ သခင်မ သည် ကျွန်မကဲ့သို့င်း၊ ရောင်းသောသူသည် ဝယ်သောသူကဲ့သို့င်း၊ ကြွေးရှင်သည် ကြွေးတင်သောသူကဲ့သို့င်း၊ အတိုးစားသောသူသည် အတိုးပေးသောသူကဲ့သို့င်း ဖြစ်ရလိမ့်မည်၊၊တပြည်လုံးလွတ်လပ်၍ရှင်းရှင်းပျက်စီးရ
လိမ့် မည်ဟူသော အရာကိုထာဝရဘုရားမိန့်တော်မူ၏၊၊ ပြည်တော်သည် ငြိုငြင်ညှိုးငယ်ခြင်းရှိ၏၊၊
 လောကသည်အားလျော့၍ ညှိုးငယ်ခြင်းရှိ၏၊၊ ဘုန်းကြီးသော ပြည်သားတို့သည် အားလျော့ကြ၏၊၊
 ပြည်သားတို့သည် တရားတော်ကို လွန်ကျူးခြင်း၊ အမိန့်တော်ကိုပြောင်းလဲခြင်း၊ ထာဝရသစ္စာတော်ကို ဖျက်ခြင်းအကြောင်းကြောင့်၊ ပြည်တော်သည် ညစ်ညူးခြင်း ရှိ၏၊၊ ထိုကြောင့်၊ ကျိန်တော်မူသည် အကျိန်သည် ပြည်တော်ကို လွှမ်းမိုးပြီ၊၊ ပြည်သားတို့အပေါ်မှာ အပြစ်ရောက်လေပြီ၊၊ ထိုကြောင့်
 ပြည်သားတို့သည် ပူလောင်ကြသဖြင့်၊ ကျန်ကြွင်းသော သူတို့သည် နည်းကြ၏၊၊သစ်သော စပျစ်ရည်သည်
 ငြိုငြင်လေ၏၊၊ စပျစ်နွယ်ပင်သည်လည်း အားလျော့လေ၏၊၊ စိတ်ရွှင်လန်းသောသူအပေါင်း တို့သည် ညည်းတွားကြ၏၊၊သာယာသော ပတ်သာ အသံငြိမ်းပြီ၊၊ ဝမ်းမြောက်သော သူ၏အသံမရှိ။ သာယာသော
 စောင်းသံလည်းငြိမ်းပြီ၊၊သီချင်းဆိုလျက်စပျစ်ရည်ကိုမသောက်ရကြ၊၊ သေရည်သေရက်ကိုသောက်သောသူတို့သည်
 ပစပ်ခါးကြလိမ့်မည်၊၊ လွတ်လပ်သော မြို့သည် ပြိုပျက်လေပြီ၊၊ အဘယ်သူမျှမဝင်စေခြင်းငှါ၊ အိမ်များကိုပိတ်
ထားကြပြီ။စပျစ်ရည်ပြတ်သောကြောင့် လမ်းခရီးတို့၌ မြည်တမ်းခြင်းရှိ၏၊၊ ဝမ်းမြောက်ခြင်းလည်း အကြွင်းမဲ့ ကွယ်ပြီ၊၊ တပြည်လုံး ၌ သာယာသောအသံငြိမ်းပြီ၊၊ဆိတ်ညံခြင်းသည် မြို့ထဲမှာကျန်ရစ်၏၊ မြို့တံခါးကိုလည်း
 ရိုက်ခတ်၍ ဖြိုဖျက်ပြီ၊၊ထိုသို့ပြည်တော်အလယ်၊ ပြည်သားတို့တွင် ဖြစ်ရသော်လည်း သံလွင်ပင်ကို လှုပ်၍ 
အသီးကိုရသကဲ့သို့၎င်း စပျစ်သီးကို သိမ်းယူသောနောက်မှအကြွင်းအကျန်ကို  ကောက်ရသကဲ့သို့၎င်း
 ဖြစ်လိမ့်မည်။ထိုသူတို့သည် ကြွေးကြော်၍ ရွှင်လန်းစွာ သီချင်းဆိုကြလိမ့်မည်၊၊ထာဝရဘုရားကိုချီးမွမ်းသော
အသံ  နှင့်ပင်လယ် တဘက်မှ မြည်ကြလိမ့်မည်၊၊သို့ဖြစ်၍၊ အရှေ့မျက်နှာအရပ်တို့၌ ထာဝရဘုရားကို၎င်း၊ 
ပင်လယ်တဘက်တကျွန်း တနိုင်ငံအရပ်တို့၌၊ ဣသရေလအမျိုး၏ ဘုရားသခင်တည်းဟူသော၊ ထာဝရဘုရား၏နာမတော်ကိုင်း ချီးမွမ်းကြလော့၊သန့်ရှင်းတော်မူသောသူသည်ဘုန်းကြီးတော်မူစေ
သတည်းဟု မြေကြီးစွန်းမှ သီချင်းဆိုသံကို ငါတို့သည်ကြားရ၏၊ ငါမူကား အလွန်ဆင်းရဲ၏၊၊
 အလွန် ဆင်းရဲ၏၊၊အမင်္ဂလာရှိ၏၊၊ လုယက်သော သူတို့သည် လုယက်လျက်နေကြ၏၊၊လုယက်သောသူ
တို့သည် ကြမ်းတမ်း စွာ လုယက်ကြ၏၊၊ အိုပြည်သား၊ သင်သည် ကြောက်လန့်ဘွယ်သော အရာမြေတွင်း၊
 ကျော့ကွင်းထဲသို့ ရောက်လေပြီ။ ကြောက်လန့်ဘွယ်သော အရာမှ ပြေးသောသူသည် မြေတွင်းထဲသို့ ကျလိမ့်မည်၊၊ မြေတွင်းမှလွတ်သောသူသည် ကျော့ကွင်း၌ ကျော့မိလိမ့်မည်၊၊ ကောင်းကင်ပြွန်ဝပွင့်လျက်ရှိ၍၊
 မြေကြီးအမြစ်လည်း လှုပ်ရှားလေ၏၊၊ ပြည်တော်သည် တပြည်လုံးပြုတ်လေပြီ၊၊ ပြည်တော်သည် 
အကုန်အစင်ပြိုပျက်လေပြီ၊၊ ပြည်တော်သည် အလွန်တုန်လှုပ်လျက်ရှိလေ၏၊၊ ပြည်တော်သည် ယစ်မူးသော
သူကဲ့သို့ တလူးလည်လည်ရှိ၏၊၊ ပုခက်ကဲ့သို့ လှုပ်ရှား၏၊၊မိမိအပြစ်သည်မိမိအပေါ်မှာလေသဖြင့်၊ ပြည်
တော်သည် လဲလိမ့်မည်၊၊ နောက်တဖန်မထရ၊၊ထိုကာလ၌ ထာဝရဘုရားသည်၊ မြင့်သောအရပ်၌
 မြင့်သောအလုံးအရင်းကိုင်း၊ မြေပေါ်မှာ မြေကြီးရှင်ဘုရင် တို့ကိုင်း ကြည့်ရှုစစ်ကြောတော်မူလိမ့်မည်၊၊
 သူတို့သည် တွင်းထဲမှာတစုတည်းစုဝေး၍ ချည်နှောင်ခြင်း၊ ထောင်ထဲမှာ ချုပ်ထားခြင်းကိုခံလျက်
 နေရကြလိမ့်မည်၊၊ များစွာသော နေ့ရက်ကာလလွန်ပြီးမှ၊ စစ်ကြောခြင်းကိုခံရကြလိမ့်မည်၊၊လသည်လည်း
 မျက်နှာပျက်လိမ့်မည်၊၊ နေသည်လည်းအရှက်ကွဲလိမ့်မည်၊၊ အကြောင်းမူကား၊ ကောင်းကင်ဗိုလ်ခြေ 
အရှင်ထာဝရဘုရားသည်၊ ဇိအုန်တောင်ပေါ်မှာ ယေရုရှလင်မြို့၌ မင်းပြု၍၊ အသက်ကြီးသူတို့ရှေ့တွင် ဘုန်းကြီးတော် မူလတံ့၊၊ဟေရှာယအနာဂတ္တိကျမ်း ၂၄း၁-၂၃။

မှတ်ချက်။  ။ခရစ်တော်မပေါ်ထွန်းမီ နှစ်ပေါင်း၁၇၀၀  အတွင်း မြေကြီး၅၈ ကြီမ်လှုပ်သည်။ပျမ်းမျှလျှင် ၂၉
နှစ်တွင်တကြီမ် လှုပ်သည်။ခရစ်တော်ပေါ်ထွန်းပြီးနောက် နှစ်ပေါင်း၉၀၀ အတွင်း ၃နှစ်တွင်တကြီမ် 
ထိုနောက် နှစ်ပေါင်း၉၀၀ မှ ၁၅၀၀ အတွင်း တစ်နှစ်တွင်တကြီမ် ၁၅၀၀ မှ ၁၈၀၀ အတွင်း တစ်နှစ်
တွင် ၆၄ ကြီမ် ၊၁၈၅၀မှ ၁၈၆၈ အတွင်း တစ်နှစ်လျှင် ၂၂၇ ကြီမ်လှုပ်သည်။ယခုကာလ၌ မြေကြီးလှုပ်
ခြင်းတို့သည် တစ်နှစ်လျှင်အကြီမ်ပေါင်း ၄၀၀၀ ခန့်မျှလှုပ်လေသည်။ထပ်ကာထပ်ကာဆက်လက်၍ 
မြေကြီးလှုပ်ခြင်းသည်ယုကာလ၌ရှိသောသူတို့ကို လွန်ခဲ့သောကာလများ၌ ရှိသောသူတို့နှင့် ခြားနား
စေ၏။နှစ်ပေါင်း၆၀၀၀ ပါတ်လုံး ပြစ်မှားခဲ့သော ဒုစရိုက်များကြောင့် ဤ ကမ္ဘာမြေကြီးသည်တုန်လှုပ်
လျှက်ရှိနေ၏။မြေကြီးလှုပ်ခြင်း၊ပြင်းစွာသောမိုးသက်မုန်တိုင်းကျခြင်း၊၎င်းအပြင် ဒီေ၇တိုးတက်ခြင်းများတို့
သည် ဤကာလကိုနောက်ဆုံးသောကာလ ဖြစ်ကြောင်းဖေါ်ပြလေသည်။
ထာဝရဘုရား၏ နေ့ရက်သည်နီးသောကြောင့်၊ ငိုကြွေးမြည်တမ်းကြလော့၊၊ အနန္တတန်ခိုးရှင်စီရင်တော် မူသော ဘေးအန္တရာယ်ကဲ့သို့လာလိမ့်မည်၊၊ထိုကြောင့်၊ ရှိသမျှသော လက်တို့သည် ကျကြလိမ့်မည်၊၊
လူအပေါင်းတို့ သည် စိတ်ပျက်၍ကြောက်လန့်ခြင်းသို့ ရောက်ကြလိမ့်မည်၊၊
 နာခြင်းဝေဒနာအမျိုးမျိုးကို ခံရကြလိမ့်မည်၊၊ သားဘွားသောမိန်းမကဲ့သို့ ဝေဒနာကို ခံရလျက်၊ တယောက်ကိုတယောက်ကြည့်ရှု့၍ မှိုင်တွေသဖြင့်၊ သူတို့မျက်နှာသည် မီးလျှံအဆင်းရှိလိမ့်မည်၊၊
 ထိုပြည်ကိုဖျက် ဆီး၍ အပြစ်ကြီးသော ပြည်သူပြည်သားတို့ကို သုတ်သင်ပယ်ရှင်းခြင်းငှါ၊ ထာဝရဘုရား၏ ကြမ်းကြုတ်သောနေ့ရက်သည်  ပြင်းထန်သောဒေါသအမျက်ထွက် လျက်လာလိမ့်မည်၊၊
 မိုဃ်းကောင်းကင်ကြယ်နက္ခတ်တို့သည် အလင်းကိုမပေး၊၊ နေသည်လည်း ထွက်သောအခါမိုက်လျက်၊ လသည်လည်းမထွန်းမလင်းဘဲလျက်ရှိလိမ့်မည်၊၊ထိုလောကီနိုင်ငံ၏ အပြစ်ကိုင်း၊ မတရားသော
 သူတို့၏ဒုစရိုက်များကိုင်း ငါစစ်ကြောမည်၊၊ မာနကြီးသော သူတို့၏ထောင်လွှားခြင်းကို ငါနှိပ်စက်၍ ကြမ်းကြုတ် သောသူတို့၏ စော်ကားခြင်းကို ငါနှိမ့်ချမည်၊၊လူသည် ရွှေစင်ထက်အဘိုး ထိုက်မည်အကြောင်း
ဆင်းရဲသားသည် သြဖိရရွှေကျောက်ထက်အဘိုးထိုက်မည်အကြောင်း ငါပြုမည်၊၊သို့ဖြစ်၍၊ ကောင်းကင်
ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ ဒေါသအမျက်တော်ပြင်းစွာထွက်သော နေ့ရက်၌ မိုဃ်းကောင်းကင်ကို ငါလှုပ်ရှားမည်၊၊ မြေကြီးလည်း မိမိနေရာမှ ရှေ့ရလိမ့်မည်၊၊ဟေရှာယအနာဂတ္တိကျမ်း ၁၃း၆-၁၃။

၁၄။  ဤအကြောင်းအရာတို့ကိုမြင်သောကြောင့် ယခုကာလ၌ရှိသော သူတို့သည် အဘယ်ကဲ့သို့ ထိတ်
လန့်သော သဘောရှိမည်နည်း။
ထိုအခါ၊ နေ၊ လ၊ ကြယ်နက္ခတ်တို့၌ ပုပ္ပနိမိတ်ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလည်း လူအမျိုးမျိုး မငြိမ်မသက် စိုးရိမ်ကြောင့်ကြခြင်း၊ သမုဒ္ဒရာလှိုင်းတံပိုးကြီးခြင်း၊ မြေကြီးပေါ်မှာဖြစ်လတံ့သော
 ဘေးများကိုမြော်၍ ကြောက်လန့်သဖြင့်၊ လူများတို့၏အသက်ဆုံးခြင်းအမှုအရာတို့သည် ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ရှင်လုကာခရစ်ဝင် ၂၁း၂၅-၂၆။

၁၅။ ဤအကြောင်းအရာတို့သည် သန့်ရှင်းသောသူတို့ကိုထိတ်လန့်စေမည်လော။
ဘုရားသခင်သည် ငါတို့ ခိုလှုံရာဖြစ်၍ ခွန်အားကို ပေးတော်မူ၏၊၊ ဘေးရောက်သည် ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏၊၊ထိုကြောင့် ပထဝီမြေကြီးသည်ရွေ့သွား၍ တောင်များ တုန်လှုပ်
လျှက်သမုဒ္ဒရာသို့ကျသော်လည်းငါတို့သည် ကြောက်လန့်ခြင်းမရှိ၊၊ 
သမုဒ္ဒရာရေသည်ဟုန်းဟုန်းမည်၍ မွှေနှောက်ပါလေ စေ၊လှိုင်းတံပိုးထသဖြင့် တောင်များ တုန်လှုပ်ပါစေလေ၊၊ဆာလံကျမ်း ၄၆း၁-၃။
ညဥ့်အခါ ဖြစ်တတ်သော ဘေးကို၎င်း၊ နေ့အချိန်၌ ပစ်သောမြှားကို၎င်း၊ မှောင်မိုက်   ထဲမှာ
လည်သော ကာလနာကို၎င်း၊ မွန်းတည့်အချိန်၌ ဖျက်ဆီးတတ်သော ဥပဒ်ကို၎င်း၊ သင်သည် မကြောက်ရ။ သင်၏အနားမှာ လူတထောင်၊ သင်၏လက်ျာ ဘက်မှာ လူတသောင်း လဲသော်လည်း၊သင့်ကို မထိမခိုက်ရ
။သင်သည် ကိုယ်မျက်စိနှင့် ကြည့်၍၊ မတရားသောသူတို့၌ ရောက်ရသောအပြစ်ကို မြင်ရုံမျှသာရှိလိမ့်မည်။
ထာဝရဘုရားသည် ငါခိုလှုံရာ ဖြစ်တော်မူ၏ဟု သင်သည်ဆို၍၊ အမြင့်ဆုံးသောဘုရား၌ နေရာကျသော
ကြောင့်၊သင်၌ မကောင်းသော အနိဌာန်ရုံမကပ်မရောက်။ သင့်နေရာသို့ ဘေးဥပဒ်မချဉ်းရ။သွားလေရာရာ၌
 သင့်ကိုစောင့်ရှောက်စေခြင်းငှာ၊ ကောင်းကင်တမန်တို့အား သင့်အဘိုမှာထားတော်မူသည်ဖြစ်၍၊သင်၏
ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှာ၊သူတို့သည် သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်။သင် သည်
ခြင်င်္သေ့နှင့် မြွေဆိုးအပေါ်မှာ ကျော်သွား၍၊ ခြင်္သေ့ပျိုနှင့် နဂါးတို့ကို ခြေဖြင့်နင်းလိမ့်မည်။သူသည် ငါ့ကိုချစ်သောကြောင့်၊ သူ့ကိုငါကယ်နှုတ်မည်။ ငါ့၏နာမကိုသိသောကြောင့်၊ သူ့ကိုငါ မြှောက်မည်။သူသည် 
ငါ့ကိုခေါ်သောအခါ ငါထူးမည်။ ဒုက္ခခံရသောအခါ သူ့ဘက်မှာ ငါနေ၍ချမ်းသာပေးမည်။သူ၏ဘုန်းကိုလည်း ထင်ရှားစေမည်။ရှည်သောအသက်နှင့် သူ့ကို ရောင့်ရဲစေ၍၊ ငါ၏ကယ်တင် ခြင်းကျေးဇူးကို သူ့အားပြမည်။
ဆာလံကျမ်း ၉၁း၅-၁၆
  ငါ၏လူတို့လာကြ။ အတွင်းအခန်းထဲသို့ဝင်၍၊ သင်တို့ကို ကွယ်ကာသော တံခါးများကို ပိတ်ထားကြ၊၊ အမျက်ကာလ လွန်သည် တိုင်အောင် ခဏသာပုန်းရှောင်၍ နေကြလော့၊၊အကြောင်းမူကား၊
ထာဝရဘုရားသည် မြေကြီးသားတို့ကို သူတို့ဒုစရိုက်ကြောင့် အပြစ်ပေးလိုသောငှါ၊ မိမိအရပ်ဌာနထဲက ထွက်တော်မူ၏၊၊ ထိုအခါ မြေကြီးသည် မိမိ၌ရှိသော  အသွေးကိုဘော်ပြရလိမ့်မည်၊၊ မိမိ၌အသေခံ
ရသောသူတို့ကို နောက်ထဖန်ဝှက်၍ မထားရ၊၊ဟေရှာယ အနာဂတ္တိကျမ်း ၂၆း၂၀-၂၁။

၁၆။ ဤအရာများကိုမြင်သောသူတို့သည် ဘာကိုသိမှတ်ရမည်နည်း။
 ထိုနည်းတူ၊ ထိုအကြောင်းအရာအလုံးစုံတို့ကို မြင်ရလျှင်လူသားသည်တံခါးဝတိုင်အောင်အနီးသို့ရောက်
တော်မူသည်ကို သိမှတ်ကြလော့။ရှင်မဿဲခရစ်ဝင် ၂၄း၃၃။

 ၁၇။ ဤသိမှတ်ခြင်းသည် အမှန်ဖြစ်ကြောင်း အဘယ်ဥပမာအားဖြင့်တင်ပြသနည်း။
တဖန် ထပ်၍ မိန့်တော်မူသောဥပမာကား၊ သင်္ဘောသဖန်းပင်မှစ၍ သစ်ပင်များတို့ကို မှတ်ကြလော့။
 အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့သည် အလိုအလျောက်သိမြင်ကြ၏။
 ထိုနည်းတူ ထိုအကြောင်း အရာများဖြစ်သည်ကို မြင်ရလျှင်၊ သခင်၏နိုင်ငံတော်တည်လုနီးသည်ကို သိမှတ်ကြလော့။ရှင်လုကာခရစ်ဝင် ၂၁း၂၉-၃၁။
သင်္ဘောသဖန်းပင်ကိုအစွဲပြု၍ ပုံသက်သေတခုကိုမှတ်ကြလော့။ သင်္ဘောသဖန်းပင်သည် အခက်အလက်
 နု၍အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့သိကြ၏။ရှင်မဿဲ ခရစ်ဝင် ၂၄း၃၂။

 ၁၈။ လူသားကြွလာတော်မူခြင်းသည် နီး၍တံခါးဝတိုင်အောင်ရောက်ကြောင်းကို ကျွန်ုပ် သိရသော်လည်း
ဘယ်အရာကိုမသိစေဘဲ ချန်လှပ်ထားသေးသနည်း။
ထိုအချိန် နာရီကိုကားအဘယ်သူမျှမသိ။ ကောင်းကင်တမန်မသိ။ ငါ့ခမည်းတော်တပါးတည်း
သာသိတော်မူ၏။ ရှင်မဿဲ ခရစ်ဝင် ၂၄း၃၆။

၁၉။  အချိန်နာရီကိုမသိသောကြောင့် ကျွန်ုပ်တို့ အဘယ်သို့ နေရမည်နည်း။
သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ရောက်လာမည်ကိုသင်တို့မသိ သောကြောင့်စောင့်နေကြလော့။
ရှင်မဿဲခရစ်ဝင် ၂၄း၄၂။